ရွှေတောင် ၊ နိုဝင်ဘာ- ၈
ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင် မြို့နယ်အတွင်းရှိ (၂၀၂၄-၂၀၂၅)အတွက် သမဝါယမကဏ္ဍမှ ဆောင်းဆီထွက်သီးနှံ နေကြာစိုက်ပျိုးမည့် သမဝါယမအသင်းသား တောင်သူများအား နေကြာသီးသန့်စိုက်ပျိုးဧက (၁၈၀)ဧကအတွက် နေကြာအထွက်တိုး မျိုးကောင်းမျိုးသန့် (ရေဆင်းစပ်မျိုး-၁)သွင်းအားစုများပေးအပ်ပွဲနှင့် ဓာတ်မြေသြဇာထောက်ပံ့ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်သမဝါယမဦးစီးဌာန၌ ကျင်းပပြုလုပ်သည်။
ရွှေတောင် မြို့နယ်တွင် သမဝါယမကဏ္ဍမှ နေကြာစိုက်ပျိုးရေးစီမံကိန်းကို အသင်းသား(၄၅)ဦးတို့၏ စိုက်ဧက(၁၈၀)တွင် စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ပြီး ဆောင်းဆီထွက်သီးနှံ နေကြာ ရေဆင်းစပ်မျိုး (၁)နေကြာတစ်မျိုးတည်းကိုသာ စိုက်ပျိုးသွားမည်ဖြစ်ကြောင်းနှင့် စိုက်ဧက(၁၈၀)အတွက် တစ်ဧကလျှင် ( ၂)သိန်း)နှုန်းသွင်းအားစုများနှင့်ရေဆင်းစပ်မျိုး(၁) နေကြာမျိုးစေ့များ၊ ဓာတ်မြေသြဇာများကို မြို့နယ်သမဝါယမဦးစီးဌာန ၊ဦးစီးအရာရှိ ဒေါ်ထက်ထက်လွင်နှင့် မြို့နယ်သမဝါယမအသင်းစုတို့မှ တာဝန်ရှိသူများက အသင်းသားတောင်သူများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost


No comments:
Post a Comment