တာမွေ ၊ နိုဝင်ဘာ ၈
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် သင်္ဃန်းကျွန်းမြို့နယ်ရှိ လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့နံနက် ပိုင်းအချိန်က သတင်းရေးသားနည်းသင်တန်းကို ဖွင့်လှစ်သင်ကြားပေးခဲ့ရာ ရန်ကုန်အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်နှင့်မြို့နယ်ရုံးများမှ သတင်းတာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများ တက် ရောက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် ရန်ကုန်အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်နှင့် ဓာတ်ပုံကျွမ်းကျင်-၂ ဦးနိုင်လင်းအောင်တို့က သတင်းဆိုသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်၊ သတင်းနှင့်ပတ်သက်၍ ဝေါဟာရရှင်းလင်းချက်များ၊ အခြေခံသတင်းစာပညာရပ်များ၊ သတင်းစာဆရာကောင်း တစ် ယောက်၏ အရည်အချင်းများ၊ သတင်းကို သတင်းတန်ဖိုးရှိ/ မရှိ ဆုံးဖြတ်နည်းများ၊ သတင်းရရှိနိုင်သော သတင်း ရင်းမြစ်များ၊ သတင်းရင်းမြစ်များမှ ရရှိလာသည့် အချက်အလက်များအား သတင်းကောင်းတစ်ပုဒ်အဖြစ် ပြန်လည် ရေးသားနည်းများ၊ သတင်းအတွက် အချက်အလက်စုဆောင်းနည်းများ၊ သတင်းဦးနှင့် သတင်းဆောင်းပါး ရေးသား နည်းများ၊ သတင်းကို နည်းစနစ်ကျနစွာ ရှုထောင့်အမျိုးမျိုးမှ ရေးသားနည်းများ၊ သတင်းရေးသားရာတွင် သတိပြု ရမည့်အချက်များ၊ သတင်းတည်းဖြတ်ရာတွင် အလေးထားရမည့် “ စံ ” သတ်မှတ်ချက်များ၊ သတင်းမီဒီယာဥပဒေပါ သတင်းသမားများ လိုက်နာရမည့် တာဝန်နှင့် စာနယ်ဇင်းဆိုင်ရာကျင့်ဝတ်များ၊ သတင်းဓာတ်ပုံကောင်းရရှိရေးအတွက် ရိုက်ကူးနည်းစနစ်များ၊ သတင်းဓာတ်ပုံများအား ရိုက်ကူးဖော်ပြရာတွင် လိုက်နာရမည့် ဆောင်ရန်/ရှောင်ရန်အချက်များ နှင့် စာနယ်ဇင်းကျင့်ဝတ်များ၊ သတင်းဓာတ်ပုံသမားကောင်းဖြစ်ရန် လိုအပ်ချက်များကို ၂၀၂၄-ခုနှစ် နိုဝင်ဘာ (၄)ရက်နေ့မှ (၆)ရက်နေ့အထိ နေ့စဉ် နံနက်(၁၀)နာရီမှ မွန်းလွဲ(၁)နာရီအချိန်အထိ စာတွေ့/လက်တွေ့ ဖွင့်လှစ် သင်ကြားပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်နှင့် မြို့နယ် ရုံးများမှ သတင်းတာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ၏ စွမ်းဆောင်ရည်များ တိုးတက်မြင့်မားလာစေရန်နှင့် နယ်မြေဒေသအတွင်း ဖြစ်ပေါ်လျက်ရှိသော သတင်းများအား အချိန်နှင့်တစ်ပြေးညီ တိကျမှန်ကန်မြန်ဆန်စွာဖြင့် ပြည်သူများထံ ဖော်ပြနိုင်ရေး စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် အဆိုပါသင်တန်းအား ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သတင်းရရှိပါသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment