ရန်ကုန်၊ နိုဝင်ဘာ ၈
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ တာဂွကျေးရွာ၊ ရန်ကုန်- ပြည်လမ်းပေါ်တွင် ၇.၁၁.၂၀၂၄ ရက်နေ့ ည (၁၁ ၃၄)အချိန်ခန့် ရပ်ထားသော(၆)ဘီးကုန်တင်ယာဉ်အား မီနီအိုးဝေမှ အရှိန်မထိန်းနိုင်ပဲ ဝင်တိုက်ရာမှ ယာဉ်ပေါ်ပါလူ(၂)ဦးညပ်နေကြောင်း သတင်းရရှိသဖြင့် တိုက်ကြီးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရသည်။
ည (၁၂ ၀၀) အချိန်ခန့်တွင် ယာဉ်ပေါ်ပါ ကျား(၂)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) တို့အား မိုးစေတနာပရဟိတသူနာတင်ယာဉ် နှင့်နိဗ္ဗာန်ချမ်းသာမဂ်လာအသင်း လူနာတင်ယာဉ်တို့ဖြင့် တိုက်ကြီးမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပိုဆောင်ပေးခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment