မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် လက်ခံတွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် လက်ခံတွေ့ဆုံ


ရန်ကုန်၊ နိုဝင်ဘာ ၂၈

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့မ္မတနိုင်ငံ သံအမတ် ကြီး H.E Ms.Ma Jia အား ယနေ့ နံနက်ပိုင်းက ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ သံတမန်ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

တွေ့ဆုံစဉ် ရန်ကုန်တိုင်း ဒေသကြီးရှိ စက်မှုဇုန် ၂၉ ဇုန် နှင့် သီလဝါအထူးစီးပွားရေးဇုန် တို့တွင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များ၊ ကုန်သွယ်ရေးကဏ္ဍ၊ ခရီးသွားလာရေးကဏ္ဍ၊ ဘာသာရေးနှင့် ယဉ်ကျေးမှုကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ သိပ္ပံနှင့်နည်းပညာကဏ္ဍ၊ စိုက်ပျိုး၊ မွေးမြူရေးကဏ္ဍ၊ လန်ချန်း-မဲခေါင်ကဏ္ဍ၊ ရန်ကုန် ယူနန် ဆက်ဆံရေးကဏ္ဍ၊ တရုတ်-မြန်မာ ညီအစ်မမြို့တော် ထူထောင်ခြင်းကဏ္ဍများ၊ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုများ၊ ယခုနှစ်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ သံတမန်ချစ်ကြည်ရေး ထူထောင်သည့် (၇၄) နှစ်မြောက်ဖြစ်ကြောင်းနှင့် လာမည့်နှစ်တွင် (၇၅) နှစ်မြောက် စိန်ရတုရောက် ရှိတော့မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံအကြား ရှိရင်းစွဲ ဆွေမျိုး ပေါက်ဖော် ချစ်ကြည်ရင်းနှီးမှု များဖြင့် ပူးပေါင်းဆောင်ရွက်နိုင် မှုများကို ရင်းနှီးစွာ ဆွေးနွေးခဲ့ ကြပြီး အပြန်အလှန် လက်ဆောင် ပစ္စည်းများ ပေးအပ်ကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူး ကြသည်။ 

အဆိုပါတွေ့ဆုံပွဲသို့ ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။


ဆန်းကျော်ဦး

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)