ပွင့်ဖြူ ၊ နိုဝင်ဘာ 4
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဒေသခံကျေးလက်နေပြည်သူများ ရာသီမရွေးသွားလာရေး အဆင်ပြေစေရန်အတွက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် သရက်အုပ်-ညောင်ကုန်း ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေအား ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပွင့်ဖြူမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ(မြို့ပြ) ဒေါ်မိမိလွင်နှင့် တာဝန်ခံအင်ဂျင်နီယာ ဝန်ထမ်းများက ကျေးရွာလမ်းဖြစ်မြောက်ရေးကော်မတီဝင်များ၊ ကျေးရွာရပ်မိရပ်ဖများနှင့်အတူ ပြည်ထောင်စုငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် သရက်အုပ် - ညောင်ကုန်း ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း (၆၅)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ဆောင်ရွက်နေသည့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား အချိန်မီပြီးစီးအောင်နှင့် လုပ်ငန်းအရည်အသွေး ပြည့်မီအောင် ကြိုးပမ်းဆောင်ရွက်သွားရန် တာဝန်ရှိသူများကို ဆွေးနွေးမှာကြားသည်။
ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာနှင့် ညောင်ကုန်းကျေးရွာသို့ ဆက်သွယ်သွားလာသည့် ကျေးရွာချင်းဆက်လမ်းမှာ အရှည် သုည ဒသမ ၃ မိုင် ရှိပြီး လမ်းအကျယ် ၁၄ ပေ ၊ လမ်းအမြင့်ထု ၇ လက်မ ကွန်ကရစ်လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၁၃၉ ဒသမ ၅၀ သန်းဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူ၍ ယခုနှစ် ဇွန်လ ဒုတိယပတ်က လုပ်ငန်းစတင် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ(၆၅)ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျေးရွာချင်းဆက် ကွန်ကရစ်လမ်း ဆောင်ရွက်ပြီးစီးပါက ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာ ၊ ညောင်ကုန်းကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံကျေးလက်နေပြည်သူများ တစ်ရွာနှင့်တစ်ရွာ ကူးလူးဖြတ်သန်း သွားလာရာ၌ လွယ်လင့်တကူ ဖြတ်သန်းသွားလာနိုင်မည့်အပြင် လယ်ယာမြေများမှ ထွက်ရှိသော သီးနှံထွက်ကုန်များကိုလည်း ဈေးကွက်သို့ အချိန်မီတင်ပို့ရောင်းချသွားနိုင်မည်ဖြစ်၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအကျိုးပြုနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဒေါ်မိမိလွင် က ပြောပြ၍ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )
https://t.me/MyanmarNationalPost
No comments:
Post a Comment