ရန်ကုန်၊ နိုဝင်ဘာ ၃
ရန်ကုန်တက္ကသိုလ်တွင် ပထဝီဝင်ဘာသာရပ် စတင်သင်ကြားခြင်းနှစ်(၁၀၀)ပြည့် အထိမ်းအမှတ် ဆရာမကြီး ဒေါက်တာဒေါ်သင်းကြည် ရုပ်တုဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၃ ရက် နံနက်ပိုင်းကရန်ကုန်တက္ကသိုလ်၊ ပထဝီဝင်ဌာန စာကြည့်တိုက်၌ ကျင်းပရာ ပါမောက္ခ/ဌာနမှူး(ငြိမ်း)ဆရာကြီး၊ ဆရာမကြီးများကရုပ်တုအားဖွင့်လှစ်ပေးခဲ့သည်။
ဆရာမကြီးသည် ၁၉၅၁ ခုနှစ် ဇွန် ၁၉ ရက်မှ စတင်၍ ရန်ကုန်တက္ကသိုလ် ပထဝီဝင်ဌာန၏ပါမောက္ခအဖြစ် စတင်တာဝန်ထမ်းဆောင်သည်။ လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလ၌ တက်ကြွစွာပါဝင်ခဲ့ပြီး နိုင်ငံအကျိုးကိုထူးခြားပြောင်မြောက်စွာ တာဝန်ထမ်းဆောင်ခဲ့မှုများကြောင့် နိုင်ငံတော်မှ “နိုင်ငံ့ဂုဏ်ရည်ဘွဲ ဒုတိယဆင့်” ချီးမြှင့်ခြင်းခံရသည်။ ၁၉၇၇ ခုနှစ် ဇွန်လတွင် သက်ပြည့်အငြိမ်းစားယူခဲ့သည်။ ၁၉၉၀ ပြည့်နှစ် အောက်တိုဘာ ၁၃ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။
ဆရာမကြီးသည် မြန်မာနိုင်ငံ ပထဝီဝင်ဘာသာရပ်သင်ရိုးညွှန်းတမ်းများကို ပြုစုပျိုးထောင်ပေးခဲ့သူ၊ တိုင်းကျိုးပြည်ပြု သုတေသနပေါင်းများစွာ ဆောင်ရွက်ခဲ့သူ၊ မြန်မာနိုင်ငံပထဝီဝင်ဘာသာရပ်၏ မိခင်ကြီးဖြစ်သည်။
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment