ရန်ကုန်၊ နိုဝင်ဘာ ၃
ဟိန္ဒူဘာသာဝင်များ စုပေါင်းကျင်းပသည့် ဒီပါဝလီအထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဟိန္ဒူရိုးရာ ဒီပါဝလီ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ချီးမြှင့်ခြင်းနှင့်ပတ်သက်၍ ပြောကြားရာတွင် "မိမိတို့မြန်မာနိုင်ငံသားများသည် လူမျိုးအရဖြစ်စေ၊ ဘာသာတရားအရဖြစ်စေ ကွဲပြားမှုများရှိကြောင်း၊ သို့သော်လည်း အမိမြေပေါ်တွင် အတူတကွကြီးပြင်းလာကြသူများဖြစ်ကြသည်မှာ တူညီသည့်အတွက် တစ်ဦး၏ယုံကြည်ရာဘာသာတရားကို အခြားတစ်ဦးက လေးစားကြရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံပြီး အပြန်အလှန် ချစ်ကြည်ရင်းနှီးမှုများကတစ်ဆင့် မြန်မာနိုင်ငံ၏အကျိုးကို ဝိုင်းဝန်းသယ်ပိုးသွားကြစေလိုကြောင်း၊ သို့သော်လည်း ယနေ့အချိန်တွင် မိမိတို့နိုင်ငံ၌ ဖြစ်ပေါ်နေသည့် ပဋိပက္ခများသည် နိုင်ငံရေးအရ ဖြစ်ပေါ်လာသည့်ပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းမှုမရှိခြင်းကြောင့် ဖြစ်ကြောင်း၊ ပြည်ပမှ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေးစသည့် လှုံ့ဆော်မှုအမျိုးမျိုးကို အခြေခံနေသည်ကိုတွေ့ရကြောင်း၊ ယင်းသို့ သွေးထိုးလှုံ့ဆော်မှုများမှတစ်ဆင့် နိုင်ငံအတွင်း အကြမ်းဖက်လုပ်ရပ်များကို မိုက်မဲစွာကျူးလွန် နေကြခြင်းပင်ဖြစ်ကြောင်း၊ သွေးကွဲနေပါက သွေးထိုးခံနေရမည်ပင်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွင်း ဒီမြေ၊ ဒီရေ၊ ဒီလေကို တူညီစွာ သုံးစွဲနေထိုင်ကြသည့် မည်သည့်လူမျိုး၊ မည်သည့်ဘာသာဝင်ပင် ဖြစ်ပါစေ မြန်မာနိုင်ငံကိုချစ်သည့်စိတ်၊ ပြည်ထောင်စုစိတ်ဓာတ်မွေးပြီး နေကြရန်လိုကြောင်း၊ ယနေ့အချိန်တွင် မိမိအနေဖြင့် နိုင်ငံတော်ကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်လျှောက်လှမ်းနိုင်ရန်အတွက် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များအတိုင်း အကောင်အထည်ဖော်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် ဖြစ်ပေါ်နေသည့် ပဋိပက္ခများချုပ်ငြိမ်းပြီး မိမိတို့အားလုံးသွားလိုသည့် လမ်းကြောင်းပေါ် အမြန်ဆုံးပြန်လည်ရောက်ရှိစေရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်လိုကြောင်း။" ထည့်သွင်း ပြောကြားသွားခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က မိမိတို့နိုင်ငံတွင် မတူညီမှုများ ကွဲပြားမှုများရှိနေသည် မှန်သော်လည်း အဆိုပါ မတူကွဲပြားမှုများကို စုစည်းနိုင်ခြင်းကသာ အင်အားကို ဖြစ်စေပါကြောင်း၊ ထိုကဲ့သို့စုစည်းသည့်အင်အားရရှိစေရေး မိမိကိုယ်တိုင် ဦးဆောင်ပြီး ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသွားခဲ့သည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment