ရွှေတောင် ၊နိုဝင်ဘာ ၂၉
ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လယ်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဟံဝင်းအောင်က စာကြည့်တိုက်များ ဖွံ့ဖြိုး တိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပနိုင်ရေးနှင့် ပတ်သတ်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပွဲတော်အတွင်း ထည့်သွင်းကျင်းပသွားမည့် ပြပွဲ၊ ပြိုင်ပွဲများ၊ စာပေဟောပြောပွဲများ၊ ကြိုဆိုနေရာချထားရေး အစီအစဉ်များ ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က ဖွင့်ပွဲအခမ်းအနားကြိုတင်ပြင်ဆင်နိုင်ရေး၊ပြပွဲပြိုင်ပွဲများတွင် ကျောင်းသားကျောင်းသူများ ပါဝင်ဆင်နွဲနိုင်ရေး၊ ပါဝင်ဆင်နွဲသည့် ကျောင်းသားကျောင်းသူများအား လက်ဆောင်များ ပြန်လည်ပေးအပ်နိုင်ရေး၊ ပွဲတော်သို့ ကျောင်းသားကျောင်းသူများ လာရောက်လေ့လာနိုင်ရေး၊ ပြိုင်ပွဲတွင် ဆုရသည့် ကျောင်းသား ကျောင်းသူများအား ဆုချီးမြှင့်နိုင်ရေးစသည့် အစီအစဉ်များအား ရှင်းလင်းတင်ပြခဲ့သည်။ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာများက ကဏ္ဍအလိုက် ဆွေးနွေးကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ နှင့်တာဝန်ရှိသူဌာနဆိုင်ရာများပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရွှေတောင် မြို့နယ်တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီးအဆိုပါ ပွဲတော်တွင် စာပေဟောပြောပွဲ၊ ပြိုင်ပွဲများ၊ စာအုပ်စာစောင်ပြပွဲများ၊ ပြခန်းများ နှင့်အတူ စာအုပ်စျေးရောင်းပွဲတော်နှင့် MSME ပြခန်းများကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment