တာမွေမြို့နယ်အတွင်းရှိ မီးရထားဘူတာရုံများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်အတွင်းရှိ မီးရထားဘူတာရုံများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး






တာမွေ    ၊ နိုဝင်ဘာ     ၂၉



ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ ဥက္ကဌ ဦးထူးလွင် ဦးဆောင်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ်အတွင်းရှိ မီးရထား ဘူတာရုံများနှင့် မီးရထားလမ်းများ အနီးပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးအတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေး ခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။



ထိုကဲ့သို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် သင်္ဃန်းကျွန်းခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ ဥက္ကဌ ဦးထူးလွင်နှင့်အဖွဲ့ ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူး များသည် တာမွေမြို့နယ် တာမွေလေးရပ်ကွက်ရှိ တာမွေဘူတာရုံ၊ မေတ္တာညွန့်ရပ်ကွက်ရှိ မေတ္တာညွန့်ဘူတာရုံနှင့် မြို့နယ်အတွင်းရှိ မီးရထားလမ်းများ အနီးပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးအတွက် စစ်ဆေးခဲ့ပြီး ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌမှ ဘူတာရုံများရှိ မီးရထားလမ်းပေါ်များတွင် အမှိုက်များ စွန့်ပစ်မှုရှိနေပါသဖြင့် သန့်ရှင်းရေး ဆောင်ရွက်သွားရန်၊ တာမွေဘူတာရုံရှေ့ရှိ ဘူတာပိုင် အုတ်တံတိုင်းအား ဥပဓိရုပ်ကောင်းမွန်စေရေးအတွက် ဆေးသုတ် ခြင်းများ ပြုလုပ်ဆောင်ရွက်ရန်၊ တာမွေဘူတာအနီးပတ်ဝန်းကျင်ရှိ အမြင်မတင့်တယ်သော သစ်ပင်သစ်ကိုင်းများအား ရှင်းလင်းပြီး စနစ်တကျစုပုံထားရှိရန်၊ တာမွေဘူတာအနီးရှိ ယာယီအဆောက်အဦအား ဘူတာရုံတည်ဆောက်ရေး လုပ်ငန်းပြီးစီးပါက ဖယ်ရှားရှင်းလင်းဆောင်ရွက်သွားရန် စသည်ဖြင့် လမ်းညွှန်မှာကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


နိင်လင်းအောင် 

https://t.me/MyanmarNationalPost


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)