ပို့ကုန်အခြေပြု အရန်ဆန်စနစ်တွင် ဆန်အိတ်ရေ ရှစ်သိန်းခန့်ထားရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပို့ကုန်အခြေပြု အရန်ဆန်စနစ်တွင် ဆန်အိတ်ရေ ရှစ်သိန်းခန့်ထားရှိ



ရန်ကုန်၊ နိုဝင်ဘာ ၂၉

ဆန်စပါးစင်တာတွင် ရှိသည့် Exporter များ၏ ပူးပေါင်းမှုဖြင့် ဆောင်ရွက်ထားရှိသည့် ပို့ကုန် အခြေပြု အရန်ဆန်စနစ်တွင် ဆန်အိတ်ရေ ရှစ်သိန်းခန့် ရှိကြောင်း နိုဝင်ဘာ ၂၇ ရက် တွင် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။ ဧည့်မထ ၁၅ မှတ် အမျိုးအစား ကို အဓိကထားတင်ပို့ရန် ဆန်ရည် ဆန်သားလည်း ကောင်းမွန်ပြီး သင့်တင့်မျှတကြောင်း သိရသည်။

“နိုင်ငံတော် အရန်ဆန်လို ပို့ကုန်အခြေပြု အရန်ဆန်စနစ် ဆိုပြီး လုပ်ထားပါတယ်။ ပို့ကုန် အခြေပြုဆိုတာ ပို့ကုန်လုပ်ငန်းရှင် တွေရဲ့ပါဝင်မှု၊ Exporter တွေရဲ့ ပါဝင်မှုနဲ့ဆောင်ရွက်ထားပါတယ်။ အဲဒီတော့ Export တစ်တန်ပို့တိုင်း ပို့တိုင်းမှာ ဆန် တစ်အိတ်၊ ဒါက တော့ ဆန်စပါးစင်တာမှာရှိတဲ့ Exporter တွေရဲ့ ပူးပေါင်းမှုနဲ့ ဆောင်ရွက်ထားပါတယ်။ အဲဒီအစီ အစဉ်က ဆန်အိတ် ရှစ်သိန်း လောက်ရှိပါတယ်။ ဧည့်မထကိုပဲ အဓိကထားတယ်။ ဧည့်မထ ၁၅ မှတ်အဆင့်။ ဧည့်မထမှာ အုပ်စုနဲ့ ရှိတယ်။ ပြည်တွင်းမှာတော့ အခြေခံပြည်သူတွေ စားလို့ ရပါတယ်။ ၁၅ မှတ်အဆင့် ဖြစ်တဲ့အတွက် ဆန်ရည် ဆန်သားလည်း ကောင်းပါတယ်။ သင့်တင့်မျှတပါတယ်” ဟု ပြောသည်။

ယင်းကဲ့သို့ ဆန်အိတ် ရှစ်သိန်း ရှိသည့်အတွက် လိုအပ်ချက်ရှိပါက ပရဟိတ အသင်းအဖွဲ့ဖြစ်စေ၊ လူမှုရေး အသင်းအဖွဲ့များဖြစ်စေ၊ စက်ရုံအလုပ်ရုံများမှ ဖြစ်စေ လိုအပ်ချက်ရှိပါက ရောင်းပေး မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ ပို့ကုန်အခြေပြု အရန်ဆန်စနစ်အပြင် လက်ရှိတွင်လည်း ရွှေဘိုပေါ်ဆန်းနှင့် ဧရာဝတီပေါ်ဆန်းတို့ကိုလည်း အိမ်အရောက်ပို့ စနစ်ဖြင့် ရောင်းချပေးကြောင်း သိရသည်။


“ကျွန်တော်တို့ ဆန်ဖြန့်ဖြူး ရောင်းချတာကလည်း အမှန်တကယ်တော့ ဆန်စပါးအသင်းချုပ်က စီးပွားရေးလုပ်တဲ့ အဖွဲ့ အစည်းတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ လက်ရှိအခြေအနေအရ ဈေးကွက် လိုအပ်ချက်ကြောင့် အထူးသဖြင့် ကုမ္ပဏီတွေရဲ့ စက်မှုဇုန်တွေ၊ ဝန်ထမ်းတွေ၊ စက်ရုံအလုပ်ရုံတွေရဲ့ ဝန်ထမ်းတွေ၊ အခြေခံပြည်သူတွေရဲ့ လိုအပ်ချက်တွေရှိလာရင် ဒီအရန် ဆန်ထဲကနေ ထုတ်ပြီးတော့ ရောင်းပေးမှာပါ”ဟု ဦးရဲမင်းအောင်က ပြောသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)