စစ်ကိုင်း၊ နိုဝင်ဘာ ၂၉
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြည်ဖျက်ပါတီ NLD ကို အားပေးထောက်ခံသူ နီပိန်းများသည် ပဒက်အဖွဲ့များ ဖွဲ့စည်းပြီး အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်လျက်ရှိရာ ယမန်နေ့ က ဖမ်းဆီးရမိ နီပိန်း ပဒက် အကြမ်းဖက်သမားအား သက်ဆိုင်ရာတရားရုံးများတွင် ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။
ကန်ဘလူမြို့ အမှတ်(၂)ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်အဖွဲများထံသို့ ငွေကြေးနှင့်ရိက္ခာများ အကြိမ်ကြိမ်ထောက်ပံ့ခြင်း၊ အကြမ်းဖက်အဖွဲ့နှင့် ဆက်သွယ်ခြင်း၊ လုံခြုံရေးအဖွဲ့၏ လှုပ်ရှားမှုများအား အကြမ်းဖက်အဖွဲ့ထံ သတင်းပေးခြင်းတို့အား ကျူးလွန်ခဲ့သည့် တရားခံ နိုင်လင်း အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ် ၅ နှစ်၊ ၅၀(ည)အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်(သီးခြားစီ)ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။
အလားတူ ရွှေဘိုမြို့ အမှတ်(၉)ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး ၎င်းတို့မောင်းနှင်လာသော MDY 2D 6781 Nissan အမျိုးအစား ၁၂ ဘီးယာဉ်ပေါ်၌ အကြမ်းဖက်လုပ်ငန်းများတွင် အသုံးပြုသည့် လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများအား ရှာဖွေစစ်ဆေးတွေ့ရှိခဲ့သည့် တရားခံ ယာဉ်မောင်း ဇော်ကိုဦး(ခ)အလီနှင့် ယာဉ်နောက်လိုက် ဇော်လင်း(ခ)ရှာဗန်တို့ ၂ ဦးအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၄၉(က)အရ အလုပ်နှင့်ထောင်ဒဏ် ၃၀ နှစ်စီ ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။
ထို့အပြင် မုံရွာမြို့ စက်မှုဇုန်ရပ်ကွက်တွင် နေထိုင်ပြီး အကြမ်းဖက်လုပ်ငန်းများတွင် အသုံးပြုသည့် လက်လုပ်သေနတ်ကိုယ်ထည်များအား ၎င်း၏နေအိမ်တွင် လက်ခံထားရှိခြင်း၊ PDF အကြမ်းဖက်သမားများထံသို့ ဈေးပစ္စည်းများ၊ ထောက်ပို့ပစ္စည်းများအား ဝယ်ယူထောက်ပံ့ပေးခြင်းများ ပြုလုပ်ခဲ့သည့်တရားခံ ဇော်ထက်ဦး၊ ထွေးထွေးအောင်နှင့် ပပထွန်းတို့ ၃ ဦးအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီ၊ ၅၁(ဂ)အရ အလုပ်နှင့်ထောင်ဒဏ် ၇ နှစ်စီ၊ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် ၅ နှစ်စီ၊ (တစ်ပေါင်းတည်း)ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment