တပ်ကုန်းမြို့၌ မီးခိုးမြူငွေ့အန္တရာယ်နှင့်အသိပညာပေးဟောပြောပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်ကုန်းမြို့၌ မီးခိုးမြူငွေ့အန္တရာယ်နှင့်အသိပညာပေးဟောပြောပွဲ ကျင်းပ




တပ်ကုန်း  ၊ နိုဝင်ဘာ ၂၉


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်မြို့နယ် နွယ်ရစ်ကျေးရွာအခြေခံပညာ အလယ်တန်းကျောင်းတွင် မီးခိုးမြူငွေ့အန္တရာယ်နှင့် ကျောင်းအခြေပြုဌာနဆိုင်ရာပေါင်းစုံ အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အဆိုပါကျောင်းရှေ့၌ ယာယီမဏ္ဍပ်ဖြင့် ကျင်းပခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်နိုင်ဦးက စုပေါင်းကာကွယ် မီးခိုးမြူငွေ့အန္တရာယ်၊ မီးခိုးမြူငွေ့တွင်ပါဝင်သည့် လေထုညစ်ညမ်းစေသည့်အရာများ၊ မီးခိုးမြူငွေ့ဖြစ်ပေါ်စေသည့်အဓိကအကြောင်းအရင်းများ၊ မီးခိုးမြူငွေ့ညစ်ညမ်းမှု၏ ဆိုးကျိုးသက်ရောက်မှုများ၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုကြောင့် လူသားတို့တွင် ဖြစ်ပေါ်စေနိုင်သောရောဂါများ၊ မြန်မာနိုင်ငံမီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ အခြေအနေများ အကြောင်းနှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မိုးလွင်၊ မြို့နယ်ဥပဒေရုံးမှ ဥပဒေအရာရှိ ဒေါ်ဆွေဇင်သက်ထား၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်၊ အမှတ်(၃)လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့စိတ်မှ ရဲအုပ်ဝေဖြိုးဦး၊ ရွှေမြို့နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်ထွန်းနိုင်ဝင်း တို့က သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု၊ ဥပဒေဆိုင်ရာ၊ လူငယ်နှင့်အနာဂတ်၊ လူကုန်ကူးမှု နှင့်လူမှောင်ခိုမှု၊ မှုခင်းကျဆင်းရေးအကြောင်းတို့ကို အသီးသီးရှင်းလင်းဟောပြောခဲ့ပြီးနောက် သက်ဆိုင်ရာဌာနမျာက အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရပြီး၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်၊ စာစောင်များနှင့် နံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများ လေ့လာကြည့်ရှုကြောင်း သိရသည်။


တင်စိုးလွင်

https://t.me/MyanmarNationalPost

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)