ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် တိုင်းဒေသကြီး/ပြည်နယ်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်အားကစားသမားများကို နေ့လယ်စာကျွေးမွေးဧည့်ခံနေမှုများ သွားရောက်ကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် တိုင်းဒေသကြီး/ပြည်နယ်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်အားကစားသမားများကို နေ့လယ်စာကျွေးမွေးဧည့်ခံနေမှုများ သွားရောက်ကြည့်ရှု


နေပြည်တော်၊ နိုဝင်ဘာ ၂၉

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး၊ တည်းခိုနေထိုင်ရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီဥက္ကဋ္ဌ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယမန်နေ့က နေပြည်တော်ရှိ တည်းခိုရေးစခန်းသို့သွားရောက်ကာ အမျိုးသားအားကစားပွဲတော်တွင် ပြိုင်ပွဲဝင်ရန်ရောက်ရှိ တည်းခိုနေထိုင်သည့် တိုင်းဒေသကြီး၊ ပြည်နယ်ကိုယ်စားပြု ပြိုင်ပွဲဝင်အားကစားသမားများ၊ အုပ်ချုပ်သူများ၊ နည်းပြများနှင့် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် ဖျော်ဖြေတင်ဆက်မည့် ကျောင်းသားကျောင်းသူများနှင့် အုပ်ချုပ်သူများအား နေ့လယ်စာကျွေးမွေးဧည့်ခံနေမှုများကို သွားရောက်ကြည့်ရှုသည်။

ဦးစွာ ဒုတိယဝန်ကြီးသည် ပြိုင်ပွဲဝင်အားကစားသမားများ၊ အုပ်ချုပ်သူများနှင့် နည်းပြများအတွက် ပြင်ဆင်ထားသည့် စားရိပ်သာသို့သွားရောက်ကာ ဧည့်ခံကျွေးမွေးမည့် ထမင်းနှင့်ဟင်းလျာများ ကောင်းမွန်မှုရှိစေရေးမှာကြားပြီး ပြိုင်ပွဲဝင် အားကစားသမားများ၊ အုပ်ချုပ်သူများနှင့်နည်းပြများ နေ့လယ်စာစားသုံးနေမှုများကို လှည့်လည်ကြည့်ရှု၍ ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးစကားပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ချက်ပြုတ်ရေးအဆောင်သို့သွားရောက်၍ စားရိပ်သာများနှင့် ချက်ပြုတ်ရေးအဆောင်များ သန့်ရှင်းရေးဆောင်ရွက်ထားမှု အခြေအနေများကို လှည့်လည်ကြည့်ရှုပြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ ပြင်ဆင်ချက်ပြုတ်ရန်၊ ချက်ပြုတ်ရေးအဖွဲ့များကို သန့်ရှင်းသပ်ရပ်စွာ ဝတ်စားဆင်ယင်၍ တစ်ကိုယ်ရေသန့်ရှင်းမှုရှိအောင် ကြပ်မတ်ဆောင်ရွက်ကြရန်မှာကြားသည်။

ယင်းနောက် ကျန်းမာရေး ဆပ်ကော်မတီကဖွင့်လှစ်ထားသည့် ဆေးခန်းများ၊ ဆပ်ကော်မတီ ရုံးခန်းနေရာများ၊ သန့်စင်ခန်းများ အား ပိုးမွှားများကင်းစင်စေရန် ပိုးသတ်ဆေးဖျန်းနေမှု အခြေအနေများ၊ တည်းခိုရေးစခန်းအတွင်း အသုံးပြုမည့်ရေများ သန့်ရှင်းမှုရှိစေရန် ရေသန့်စင်စက်ကြီးဖြင့် ရေသန့်စင်နေမှုအခြေအနေများ၊ အုပ်ချုပ်ရေးအဖွဲ့များ အားနေရာချထားသည့် အိပ်ဆောင်များကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။          


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)