တောင်ကြီး၊ နိုဝင်ဘာ ၁၁
အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ ရှမ်းပြည်နယ် (တောင်ပိုင်း) PNO အသွင်ပြောင်းပြည်သူ့စစ် (ဌာနေ)အဖွဲ့၊ နောင်မွန်ပြည်သူ့စစ် (ဌာနေ)အဖွဲ့၊ KNG အသွင်ပြောင်းပြည်သူ့စစ် (ဌာနေ)အဖွဲ့၊ ကမစညအသွင်ပြောင်းပြည်သူ့စစ် (ဌာနေ)အဖွဲ့၊ မော်ချီးပြည်သူ့စစ် (ဌာနေ) အဖွဲ့၊ လွိင်လင်လေးပြည်သူ့စစ် (ဌာနေ)အဖွဲ့၊ အင်းလေး ပြည်သူ့စစ် (ဌာနေ)အဖွဲ့၊ ရွာငံမြိုမ ပြည်သူ့စစ် (ဌာနေ)အဖွဲ့၊ ပင်းတယပြည်သူ့စစ်(ဌာနေ)အဖွဲ့၊ လုံခုတ်ပြည်သူ့စစ် (ဌာနေ)အဖွဲ့နှင့် ပေါင်းလင်းပြည်သူ့စစ် (ဌာနေ) အဖွဲ့ များအား ဆန်၊ ဆီ၊ဆား အမယ် (၃)မျိုးနှင့် ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ယနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့ နေ့လယ်ပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ သံလွင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ တိုင်းမှူး ဗိုလ်ချုပ် ဇော်မင်းလတ်နှင့် တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများ၊ တာဝန်ရှိသူများ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များ တက်ရောက် ကြသည်။
တိုင်းမှူးက အဖွင့်အမှာစကားပြောကြားပြီး ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား ဆန်၊ ဆီ၊ ဆား၊ အမယ် (၃)မျိုးနှင့် ထောက်ပံ့ချီးမြှင့်ငွေများအား အသီးသီး ထောက်ပံ့ပေးအပ်သည်။ ထို့နောက် တိုင်းမှူးက ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိင်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။
ရွှေနေကြာ
Join - https://t.me/MyanmarNationalPost






No comments:
Post a Comment