သမဝါယမကဏ္ဍမှ ဆောင်ရွက်ထားသည့် မိုးနှောင်းဝါကောက်သိမ်းမှုအခြေအနေနှင့် ဝါသီးနှံများ ဖြစ်ထွန်းနေမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သမဝါယမကဏ္ဍမှ ဆောင်ရွက်ထားသည့် မိုးနှောင်းဝါကောက်သိမ်းမှုအခြေအနေနှင့် ဝါသီးနှံများ ဖြစ်ထွန်းနေမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး




ပြည်  ၊ နိုဝင်ဘာ ၂၅


သမဝါယမကဏ္ဍမှ ဆောင်ရွက်ထားသည့် မိုးနှောင်းဝါကောက်သိမ်းမှုအခြေအနေနှင့် ဝါသီးနှံများဖြစ်ထွန်းနေမှု အခြေအနေများအား ယနေ့နံနက်ပိုင်းတွင် သမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ပြည်မြို့နယ်သမဝါယမဦးစီးဌာန၊ မြို့နယ်သမဝါယမအသင်းစုမှ တာဝန်ရှိသူများ သွားရောက်ကြည်ရှုခဲ့ကြောင်း သိရသည်။


ပြည်မြို့နယ်အတွင်း သမဝါယမအသင်းစုပိုင်ငွေဖြင့် ဆောင်ရွက်သည့် သမဝါယမအသင်း (၈)သင်းရှိ  Raka 666 မျိုးများဖြင့် စိုက်ပျိုးထားပြီး ဝါစိုက်ဧက (၁၉၈၅)ရှိသည့်အနက် သဲကြဲကြီးကျေးရွာ၊ သဲကြီးစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းမှ အသင်းသားတောင်သူ ဦးမောင်မောင်ဌေး၏ မိုးနောင်းဝါစိုက်ပျိုးသော ယာမြေ (၅) ဧကကို ပထမအကြိမ် ကောက်သိမ်းခဲ့ရာ တစ်ဧကလျှင်ဝါ (၂၉၆)ပိဿာထွက်ရှိ၍ စုစုပေါင်း (၅) ဧကအတွက် (၁၄၈၀)ပိဿာ ထွက်ရှိသည်။


အဆိုပါ မိုးနောင်းဝါကောက်သိမ်းနေမှုအခြအနေကို ပဲခူးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးနှင့် ပြည်မြို့နယ် သမဝါယမဦးစီးဌာန၊ မြို့နယ်သမဝါယမအသင်းစုမှ တာဝန်ရှိသူများ သွားရောက်ကြည်ရှု့ခဲ့ကြောင်း သိရသည်။


ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးနှင့်အဖွဲ့သည် ပေါက်ခေါင်းမြို့နယ် လေးကြီးကျေးရွာရှိ သမဝါယမကဏ္ဍမှ နိုင်ငံစီးပွားမြှင့်တင်ရေး ရံပုံငွေဖြင့် ရယူဆောင်ရွက်ထားရှိသည့် Raka 666 မျိုးဖြင့် စိုက်ပျိုးသော နေခြည်သစ်စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းမှ တောင်သူဦးအောင်မင်း၏ ဝါစိုက်ခင်းဖြစ်ထွန်းနေမှု အခြေအအနေများအား ကြည်ရှုကာ ထွက်ရှိလာသောဝါများကို ဝါလုပ်ငန်းရှင်များ၊ ဝါအဝယ်ဒိုင်များနှင့်ချိတ်ဆက်ပြီး စျေးနှုန်းအမြှင့်မားဆုံး ရရှိရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ကိုစိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)