မှော်ဘီ ၊ နိုဝင်ဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊မှော်ဘီခရိုင်၊မှော်ဘီမြို့နယ် တွင် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉နာရီ က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အ.ထ.က(၁)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ လေးများက ဇာတိမာန် သီချင်းသီဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး ပြည်ထောင်စုသမ္မတမြန် မာနိုင်ငံတော်အစိုးရ၊နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်းစီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူး ကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ထံမှ ပေးပို့သည့် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သဝဏ်လွှာ အား မှော်ဘီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးပြည့်ဖြိုးမောင်မှ ဖတ်ကြားခဲ့သည်။
ဆက်လက်၍ (၁၀၄)နှစ် မြောက်အမျိုးသားအောင်ပွဲ နေ့ အထိမ်းအမှတ် အခြေခံပညာ အထက်တန်း အဆင့်၊အလယ်တန်းအဆင့်နှင့်မူလတန်းအဆင့် စာစီစာကုံးနှင့် ကဗျာ ပြိုင်ပွဲများတွင် ဆုရရှိ သူများအားတာဝန်ရှိသူများက ဆုများ အသီးသီး ချီးမြှင့်ခဲ့ပြီး အခမ်းအနားသို့ မှော်ဘီခရိုင်ပညာရေးမှူးဦးအေးလွင်၊မှော်ဘီမြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဌဦးပြည့်ဖြိုးမောင်၊အဖွဲ့ဝင်(၁)ဗိုလ်မှူးပြည့်စုံကျော်၊အဖွဲ့ဝင်(၂)ဦးဝင်းစိုး၊မြို့နယ်ရဲတပ်ဖွဲ့ မှူး ရဲမှူးမြင့်အောင်နှင့် ဌာနဆိုင်ရာများ၊ဆရာ၊ဆရာမ များ၊ကျောင်းသား၊ကျောင်းသူများစုစုပေါင်း (၁၄၃)ဦးတက်ရောက်ခဲ့ ကြောင်း သိရသည်။
ဝင်းဇော်
https://t.me/MyanmarNationalPost
No comments:
Post a Comment