ရွှေတောင် ၊ နိုဝင်ဘာ ၂၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ အခြေခံပညာနှင့်စက်မှု၊စိုက်ပျိုးမွေးမြူ ရေး အထက်တန်းကျောင်း ရတနာခန်းမ၌ ယနေ့နံနက်ပိုင်းက ၂၀၂၄-ခုနှစ်၊( ၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပခဲ့သည်။
အခမ်းအနားတွင် အထက- ရွှေတောင်ကျောင်းသား ၊ကျောင်းသူလေးများက " ဇာတိမာန်" သီချင်းသီဆို၍ အခမ်းအနား ကိုဖွင့်လှစ်ခဲ့ပြီး ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် သတိုးမဟာသရေစည်သူ သတိုးသီရီသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၄-ခုနှစ်၊( ၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား ရွှေတောင်မြို့နယ် ၊မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဟံဝင်းအောင်က ဖတ်ကြားခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ရွှေတောင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ဦးစီးအရာရှိ နှင့် ဝန်ထမ်းများက (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြပြီးအထက- ရွှေတောင် ကျောင်းသား ၊ကျောင်းသူလေးများက "မြန်မာ့ကျောင်း" သီချင်း သီဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြကြောင်းသိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment