ယူအေအီးနိုင်ငံ ဖူဂျဲရာ့ပြည်နယ်အတွင်း နေအိမ်တစ်အိမ်၌ အလုပ်လုပ်ကိုင်စဉ် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူတစ်ဦးအား အမိနိုင်ငံသို့ပြန်လည်ခေါ်ဆောင် - Myanmar National Post

Myanmar National Post

News Agency

Breaking

ယူအေအီးနိုင်ငံ ဖူဂျဲရာ့ပြည်နယ်အတွင်း နေအိမ်တစ်အိမ်၌ အလုပ်လုပ်ကိုင်စဉ် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူတစ်ဦးအား အမိနိုင်ငံသို့ပြန်လည်ခေါ်ဆောင်


ရန်ကုန်၊ နိုဝင်ဘာ ၁၅

ယူအေအီးနိုင်ငံ ဖူဂျဲရာ့ပြည်နယ် (Fujairah) အတွင်း နေအိမ်တစ်အိမ်၌ အလုပ်လုပ်ကိုင်စဉ် အခက်အခဲကြုံတွေ့ရသည့် မြန်မာနိုင်ငံသူ မဇင်မျိုးသူအား အမိနိုင်ငံသို့ ပြန်လည်ပို့ဆောင်နိုင်ရန် မြန်မာကောင်စစ်ဝန်ချုပ်ရုံး အနေဖြင့် ယူအေအီးနိုင်ငံရှိ လူဝင်မှုကြီးကြပ်ရေးဌာန၊ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းရုံးချုပ်အပါအဝင် သက်ဆိုင်ရာဌာန များနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ရာ ပြန်လည်ထွက်ခွာခွင့် Out Pass ရရှိခဲ့၍ နိုဝင်ဘာ ၁၃ ရက်၌ ဒူဘိုင်း - ရန်ကုန်ခရီးစဉ်ဖြင့် ထွက်ခွာခဲ့ရာ ည ၉ နာရီခွဲတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့သည်။

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင် အလုပ်လုပ်ကိုင်စဉ် အခက်အခဲကြုံတွေ့ခဲ့ရသည့် မြန်မာ နိုင်ငံသားများအား မြန်မာသံရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့မှ ညှိနှိုင်းကူညီဆောင်ရွက်မှုဖြင့် အမိ နိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးလျက်ရှိရာ ယခုကဲ့သို့ အမိနိုင်ငံသားများ အတိဒုက္ခကြုံတွေ့နေရ စဉ် ကူညီကယ်တင်ပေးသည့်အတွက် အလုပ်သမားနှင့် မိဘဆွေမျိုးများက နိုင်ငံတော်အစိုးရ၊ မြန်မာသံရုံးနှင့် မြန်မာကောင်စစ် ဝန်ချုပ်ရုံးတို့အား လှိုက်လှဲစွာ အထူးကျေးဇူးတင်လျက်ရှိကြောင်း သိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင် ရောက်ရှိနေသည့် အမိနိုင်ငံသားများ အခက်အခဲကြုံတွေ့ရပါ က နိုင်ငံသားများအပေါ် အလေးအနက်တန်ဖိုးထားသည့်အနေဖြင့် မည်သို့သောအခြေအနေနှင့် တွေ့ကြုံရသည်ဖြစ်စေ မြန်မာကောင်စစ်ဝန်ချုပ်ရုံးနှင့် မြန်မာသံရုံးတို့သည် သက်ဆိုင်ရာ သံရုံး များနှင့်ချိတ်ဆက်၍ အမိနိုင်ငံသားများ မြန်မာနိုင်ငံသို့ အမြန်ဆုံး အေးချမ်းလုံခြုံစွာ ပြန်လည် ရောက်ရှိရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။


ကျော်ကြီး ၊ ဓာတ်ပုံ-သီဟ

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)