ယူကရိန်း စစ်ရှုံးတော့မယ်လို့ နိုင်ငံခြားရေးဝန်ကြီးဟောင်းပြော - Myanmar National Post

Myanmar National Post

News Agency

Breaking

ယူကရိန်း စစ်ရှုံးတော့မယ်လို့ နိုင်ငံခြားရေးဝန်ကြီးဟောင်းပြော


၃၀ - နိုဝင်ဘာ ( စနေနေ့) 

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဟောင်း ဒီမီထရီကူလီဘာက ဖနန်ရှယ်တိုင်းမ် သတင်းဌာနနဲ့ အင်တာဗျူးမှာ ယူကရိန်း စစ်ရှုံးတော့မယ်လို့ ဆိုလိုက်ပါသည်။ ၎င်းအပြင် အမေရိကန်သမ္မတ ဂျိူးဘိုင်ဒန်အနေဖြင့် သူအလွန်စိုးရိမ်သော နျူစစ်ပွဲ ဖြစ်ပွားလာနိုင်စရာ အခြေအနေ မဖြစ်ပေါ်စေရန် ယူကရိန်းကို  နျူလက်နက်များ ပေးအပ်မည် မဟုတ်ကြောင်းလည်း ဆိုလိုက်ပါသည်။ 

“ကျနော်တို့မှာ စစ်ပွဲကိုပြောင်းပြန်လှန်နိုင်တဲ့ အခြေအနေမျိုး ရှိပါသလားဆိုတဲ့ မေးခွန်းကို အရင်ဖြေကြည့်ပါ။ မရပါဘူး။ ကျနော်တို့ မတတ်နိုင်ပါဘူး။ ဒီအတိုင်း ဆက်သွားနေကြည့်၊ ကျနော်တို့ စစ်ရှုံးသွားမှာပါ” ဟု အင်တာဗျူးတွင် ပြောခဲ့ပါသည်။ 

“အခု ပြင်သစ်နဲ့ အမေရိကန်တို့က ယူကရိန်းတွေကို တာဝေးပစ်ဒုံးတွေ သုံးခွင့်ပြုလိုက်တယ်။ အဲ့ဒါက ရုရှားရဲ့ တိုက်ခိုက်ရေးနဲ့ စစ်ရေးလမ်းကြောင်းတွေကို မထိခိုက်နိုင်ပါဘူး။ မော်စကိုအစိုးရက သူ့ရဲ့ စစ်ရေးရည်မှန်းချက်တွေကို အောင်မြင်အောင်လုပ်သွားနိုင်မှာပါ”

စစ်ပွဲအတွင်း ယူကရိန်းနိုင်ငံ ထိပ်ပိုင်းအကြီးအကဲများကို ရာထူးမှ ထုတ်ပယ်စဉ် ကူလီဘာက ၎င်း၏ရာထူးမှ နှုတ်ထွက်ခဲ့ပါသည်။ သူရာထူးမှ မနှုတ်ထွက်မီက ယူကရိန်းကို အနောက်နိုင်ငံများမှ အထောက်အပံ့ပေးခဲ့ပါက ဤစစ်ပွဲကို အောင်မြင်အောင် တိုက်နိုင်လိမ့်မည်ဟု အတန်တန် ဟစ်ကြွေးခဲ့သော်လည်း ယနေ့အချိန်မှာတော့ ပြောင်းပြန် ပြောဆိုမှုများ ရှိလာခဲ့ခြင်းဖြစ်ပါသည်။ 

“ကျနော်တို့ ယူကရိန်းတွေ ကံကောင်းခဲ့ပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် ဆီက ဒေါ်လာသန်းရာပေါင်း များစွာ အကူအညီရခဲ့ပါတယ်။ ပင်တဂွန်ကလည်း ကျနော်တို့ကို သန်း ၉ သောင်း အကူအညီပေးမယ်ဆိုပြီး ကတိကဝတ်ပေးထားပါတယ်။ အခုတော့ အပြောင်းအလဲ တစ်ခုက ကျနော်တို့ဆီကို ရောက်လာတော့မှာပါ” လို့ ၎င်းက ပြောကြားသွားပါသည်။ 


REF: RT 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)