ဆီးရီးယားထိုးစစ်ထဲမှာ အမေရိကန်ဂျူးများ ပါဝင်နေဟု ဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆီးရီးယားထိုးစစ်ထဲမှာ အမေရိကန်ဂျူးများ ပါဝင်နေဟု ဆို


၃၀ - နိုဝင်ဘာ ( စနေနေ့) 

လတ်တလောဖြစ်ပွားနေသည့် ဆီးရီးယားနိုင်ငံအတွင်း ဂျီဟဒ်များ၏ ထိုးစစ်တွင် အမေရိကန် ဂျူးများ ပါဝင်နေသည့်အပြင် နိုင်ငံတဝှမ်း ဖြန့်ကျက်ဝင်ရောက်နေသည့် အကြမ်းဖက်အဖွဲ့သည် ဝါရှင်တန်၏ “ပိုင်ဆိုင်မှုတစ်ခု” ဖြစ်သည်ဟု အမေရိကန်အရာရှိဟောင်းတစ်ဦးက ပြောကြားခဲ့သည်။

ဆီးရီးယားတွင် Salafist အကြမ်းဖက်ဝါဒ ပြန်လည်ပေါ်ပေါက်လာမှုအတွက် အမေရိကန်နှင့် အစ္စရေးတို့ တာဝန်ရှိသည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi က ပြောကြားပြီး ဒမတ်စကတ်တွင် ဆက်လက်ဖြစ်ပွားနေသော ဂျီဟတ်များ၏ ထိုးစစ်ကို ရပ်တန့်ရန် ရည်ရွယ်သည့် ဆီးရီးယားအစိုးရ၏ ကြိုးပမ်းမှုများကို အီရန်က ထောက်ခံမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လစ်ဘနွန်တွင် ဟစ်ဇဘိုလာလက်နက်ကိုင်များနှင့် အစ္စရေးစစ်တပ် အပစ်ရပ်ရေး လက်မှတ်ထိုးပြီးနောက် ဆီးရီးယားနိုင်ငံတွင် ချက်ခြင်းဆိုသလိုပင် အကြမ်းဖက်ဝါဒများ ပေါ်ပေါက်လာပါသည်။ ၎င်းကိစ္စနှင့်ပတ်သက်ပြီး အီရန် PressTV က ပါလက်စတိုင်းအား ထောက်ခံသည့် ဆီးရီးယားအစိုးရအား ထိုးနှက်ရန် ကိုယ်စားလှယ်အဖြစ် HTS လက်နက်ကိုင်အဖွဲ့ကို အသုံးပြုနေကြောင်း မှတ်ချက်ပြုခဲ့သည်။ 

အီရန်သည် အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရန်နှင့် ဒေသတွင်းလုံခြုံရေးနှင့် တည်ငြိမ်ရေးကို ကာကွယ်ရန် ဆီးရီးယားအစိုးရ၊ နိုင်ငံနှင့် စစ်တပ်အား ဆက်လက်ပံ့ပိုးနေကြောင်း  PressTV တွင် ဖော်ပြခဲ့သည်။


REF: RT 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)