ရန်ကုန်၊ နိုဝင်ဘာ ၃၀
သံလျင်မြို့နယ်၊ မြို့ဟောင်းအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားများသည်နိုဝင်ဘာလ ၃၀ရက်နေ့ ည၇နာရီကမြို့ဟောင်းအရှေ့ရပ်ကွက်၊ ဟိန္ဒူဘုရားကျောင်းအနီး ချိန်းဆိုရန်ဖြစ်ရာမှ နှစ်ဦးဓါးထိုးခံရပြီး ဆေးရုံရောက်ရှိလာကြောင်း NOM သတင်းဖော်ပြချက်အရ သိရသည်။
သတ္တမတန်းကျောင်းသား ကောင်းထက်သူသည် လွန်ခဲ့သောနှစ်ပတ်က ဖူဆယ်ကွင်းတွင် ဘောလုံးကန်စဉ် တစ်ကျောင်းတည်းမှ ဆယ်တန်းကျောင်းသားတစ်ဦးနှင့် ရန်ဖြစ်ခဲ့ကြောင်း၊ နိုဝင်ဘာလ၃၀ရက်တွင် အဆိုပါဆယ်တန်းကျောင်းသားမှ ရန်ဖြစ်ရန်ချိန်းဆိုသဖြင့် ကောင်းထက်သူနှင့် အောင်မြတ်သူတို့မှ ည၇နာရီတွင် ချိန်းဆိုသည့်နေရာသွားခဲ့ကြောင်း၊ ထိုနေရာအရောက်တွင် အသင့်စောင့်နေသည့်သူ ဆယ်ဦးက ကောင်းထက်သူပါ နှစ်ဦးကို ဆန်ထိုးပိုက်၊ ဓါးတိုဖြင့် ထိုးခုတ်ထွက်ပြေးသွားကြောင်းသိရသည်။
ရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးရာ ည ၉း၁၅နာရီတွင် ပြစ်မှုကျူးလွန်သူ အောင်မြင့်မြတ်(၈တန်း)၊ ဇေယျာထွန်း(၈တန်း)၊ လှိုင်မိုးအောင်(၁၂တန်း)၊ ထက်ဝေယံ(၁၀တန်း)၊ ဟိန်းလင်း(၈တန်း)နှင့် ငြိမ်းချမ်း(ကျဘန်းလုပ်သား)တို့ကို ဖမ်းဆီးရမိပြီး ကျန်တရားခံ ကျော်ဇင်သန့်နှင့် ဖိုးသော်ကြီးတို့ နှစ်ဦးကို ဖမ်းဆီးရန်ဆက်လက် ဆောင်ရွက်နေကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment