တနင်္သာရီတိုင်းဒေသကြီးဝန်ကြီး ချုပ်ဦးမြတ်ကို သတ္တမအကြိမ်ထားဝယ်အမျိုးသားနေ့ အခမ်းအနားသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီး ချုပ်ဦးမြတ်ကို သတ္တမအကြိမ်ထားဝယ်အမျိုးသားနေ့ အခမ်းအနားသို့ တက်ရောက်

 




ထားဝယ်၊ ဒီဇင်ဘာ ၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်တိုင်းရင်းသားတို့၏ သတ္တမအကြိမ်ထားဝယ်အမျိုးသားနေ့ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲက ထားဝယ်မြို့၊ မြို့တော်ခန်းမကျင်းပသည်။

ရှေးဦးစွာ ထားဝယ်လူမျိုးစုစည်းမှုကော်မတီ(ဗဟို)အဖွဲ့က ထားဝယ်အမျိုးသားအလံတော်အား စင်မြင့်ထက်တွင်စိုက်ထူပြီး ဖိတ်ကြားထားသောဧည့်သည်တော်များက အလံတော်အား အလေးပြုခဲ့ကြသည်။

ထို့နောက် ထားဝယ်လူမျိုးစုစည်းမှုကော်မတီ(ဗဟို)နာယက ဆရာတော်ဘဒ္ဒန္တဝိသုန္ဓရက သြဝါဒကထာမြွက်ကြားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် သတိုးမဟာသရေစည်သူ သတိုးမဟာသီရိသုဓမ္မ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှပေးပို့လာသော သဝဏ်လွှာအား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ သီရိပျံချီဦးမြတ်ကိုက ဖတ်ကြားသည်။

ဆက်လက်၍ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးJeng Phan နော်တောင် မှပေးပို့လာသော သဝဏ်လွှာအား တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာက ဖတ်ကြားပြီး ထားဝယ်လူမျိုး စုစည်းမှုကော်မတီ(ဗဟို)ဥက္ကဋ္ဌ ဦးအောင်မျိုးက ထားဝယ်အမျိုးသားနေ့ဖြစ်ပေါ်လာပုံနှင့် အခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် သတိုးမဟာသရေစည်သူ၊ သတိုးမဟာသီရိသုဓမ္မဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီးမှ ထားဝယ်အမျိုးသားနေ့အတွက်လှူဒါန်းသော (၇၅) သိန်းကျပ်အား တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ပေးအပ်ရာ ထားဝယ်လူမျိုးစုစည်းမှုကော်မတီ(ဗဟို) ဥက္ကဋ္ဌက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

ယင်းနောက် တာဝန်ရှိသူများက  ထားဝယ်အမျိုးသားနေ့ အထိမ်းအမှတ် ထားဝယ်ဒေသအလှဖွဲ့တေးများ သီချင်းဆိုပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသူများအား ဆုတံဆိပ်နှင့်ငွေသားဆုချီးမြှင့်ပြီးဆုရရှိသူများက ပြန်လည်သီဆိုဖျော်ဖြေကာ ထားဝယ်အမျိုးသားနေ့ဖြစ်မြောက်အောင် အဖက်ဖက်ကူညီဆောင်ရွက်ပေးသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ပြီး ကော်မတီ(ဗဟို)အထွေထွေအတွင်းရေးမှူး ဦးညွှန့်ဝင်းက ထားဝယ်အမျိုးသားနေ့ အခမ်းအနား ကျင်းပနိုင်သည့်အတွက် ကျေးဇူးတင်စကား ပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာသော ဧည့်သည်တော်များအား ထားဝယ်ရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး တာဝန်ရှိသူများက သံဃာ့တော်များအား နေ့ဆွမ်းဆက်ကပ်ပြီး ဒေသခံပြည်သူများအား နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)