မီးခိုး/မြူ‌ငွေ့ လျှော့ချရေးနှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မီးခိုး/မြူ‌ငွေ့ လျှော့ချရေးနှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ




စစ်ကိုင်း နိုဝင်ဘာ ၁၂


စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ အမှတ်(၃)အ‌ခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ရွှေဘိုခရိုင် သစ်တောဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး မီးခိုး/မြူငွေ့ လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ အခမ်းအနားတွင် ရွှေဘိုခရိုင်၊ သစ်တောဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းကျော်မှ မီးခိုး/မြူငွေ့ လျှော့ချစေရန်နှင့်သဘာဝဘေးအန္တရာယ်များ မဖြစ်ပေါ်စေရန် အတွက် လူငယ်တွေအနေနဲ့ မိမိတို့ပတ်ဝန်းကျင်ရှိ သဘာဝဒီရေတောများနှင့်လူသားတို့ စိုက်ပျိုးထားသည့် ပတ်ဝန်းကျင်ရှိ သစ်ပင်ပန်းပင်များကို တန်ဖိုးထားထိန်းသိမ်း စောင့်ရှောက်မှသာ သဘာဝဘေးအန္တရာယ်များကို ကာကွယ်တားဆီးနိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့သည်။


ဆက်လက်၍ မြို့နယ်ဦးစီးမှူး ဦးကျော်မျိုးသူက သဘာဝဘေးအန္တရာယ်ဆိုင်ရာနှင့်ပတ်သက်ပြီး ကျောင်းသား/သူများအား Power Point ဖြင့် အသေးစိတ်ရှင်းလင်း ဆွေးနွေးပြောကြားခဲ့သည်။ လူငယ်တွေအနေနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်စေရန် မိမိတို့ကျောင်းမှာဖြစ်စေ၊ အိမ်မှာဖြစ်စေ ပတ်ဝန်းကျင်ရှိ သစ်ပင်များကို တန်းဖိုးထားစိုက်ပျိုးခြင်းဖြင့် သဘာဝဘေး အန္တရာယ်များကို ကာကွယ်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


ထို့နောက် ရွှေဘိုခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သူဇာလင်းမှလည်း လေထုညစ်ညမ်းမှုဖြစ်ရခြင်းနှင့်ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းပြောကြားပြီး လေထုညစ်ညမ်းရခြင်းမှာ လူသားများအနေဖြင့် စွန့်ပစ်ပ္စည်းများကို စနစ်တကျမစွန့်ပစ်ဘဲ မီးရှို့ဖျက်ဆီးရာမှ ထွက်ပေါ်လာသော မီးခိုးငွေ့များကြောင့်ဖြစ်ပေါ်စေပြီး ပတ်ဝန်းကျင်ရှိ သစ်ပင်၊ သစ်တောများ စနစ်တကျ မခုတ်ခြင်းတို့ကြောင့် လေထုညစ်ညမ်းမှုများ ဖြစ်ပေါ်ကြောင်း ရှင်းလင်းပြောကြားပြီး ကျောင်းသား/သူများ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့သည်။ ရွှေဘိုခရိုင်၊ သစ်တောဦးစီးဌာနက ကျောင်းစာကြည့်တိုက်အတွက် လစဉ်ထုတ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဂျာနယ်အား ထောက်ပံ့ပေးအပ်ကာ မီးခိုး/မြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်‌ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။ အခမ်းအနားသို့ ကျောင်းသား/သူ (၁၃၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)