မှုခင်းမှတ်တမ်း ၉
ဣတိပိ သော ဘဂဝါ အနုတ္တရော ပုရိသဒမ္မသာရထိ။
ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့လွန်မြတ် သော ပုဂ္ဂိုလ် ဖြစ်တော်မူသော အကြောင်းကြောင့်လည်း 'အနုတ္တရော ပုရိသဒမ္မသာရထိ' မည်တော်မူ၏။
************
လှည်းကူးမြို့မရဲစခန်းမှ အမှုတင် စွဲဆိုတားသော လှည်းကူးမြို့နယ်တရားရုံး၌ ရှိနေသော ဦးအောင်မြိုင်နှင့် ဦးအောင်အောင်ဇော်တို့အား ဆက်သွယ်ရေးဥပ ဒေပုဒ်မ ၆၆ ဃ ဖြင့် စွပ်စွဲချက်အရ စစ်ဆေးနေသော မှုခင်း
************
၁၃၈၆ ခှနှစ် တန်ဆောင်မုန်းလဆန်း ၈ ရက်
14-11-2024 ရက် ကြာသပတေးနေ့ နေ့ ၁ နာရီ အချိန်
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ မြို့နယ်တရားရုံး
************
အောင်မြိုင်(မစိုးရိမ်စာသင်သား)နှင့် အောင်အောင်ဇော် (လှိုင်သာယာ)တို့ ၂ ဦးအပေါ် အရိယာမဏ္ဍိုင် တောရရိပ်သာမှ ရဟန္တာဟု ပြောဆိုနေသူ ဦးသူရိယ ၏ တာဝန်ပေးအပ်ချက်အရ ဦးထူးအောင်လွင်တို့က စွဲဆိုထားသောမှုခင်းအတွက် မြို့နယ်တရားသူကြီးက ရုံးချိန်းဆင့်ခေါ် ထားပါ၏။
အောင်မြိုင်(မစိုးရိမ်စာသင်သား)နှင့် အောင်အောင်ဇော် (လှိုင်သာယာ)တို့သည် ကိုရာဇာလင်းနှင့်အတူ နံနက် ၁၀ နာရီအချိန်တွင် ကမာရွတ်မြို့နယ် ဗဟိုလမ်းမှ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် အနော်ရထာလမ်း၊ မကွေးကျောင်းသို့ တက္ကစီဖြင့် သွားကြရ၏။
နေ့ ၁၂ နာရီကျော်အချိန်တွင် မကွေးကျောင်းဆရာတော်ဦးပါမောက္ခ၊ ကားမောင်းသူ ကိုမျိုးခိုင်၊ သိမ်ဇရပ် မြို့နယ်မှ ဦးဣန္ဒာစရိယတို့နှင့် အတူ လှည်းကူးမြို့ နယ် တရားရုံးသို့ သွား ရောက်ခဲ့ကြရ၏။
စုစုပေါင်း ကား ၁ စီး
ရဟန်းသံဃာ ၂ ပါး
လူ ၄ ဦး
ရှေ့ နေ ၂ ဦးလည်း လာရောက်ရ၏။
************
နေ့လယ် ၁ နာရီထိုးခါနီးတွင် တရားရုံးဝင်းအတွင်း ရှေ့နေများ နားနေရန် အဆောင်သို့ ရောက်ကြပါ၏။
တရားလိုနှင့် တရားလိုရှေ့နေများ တရားရုံးအပေါ်ထပ် မြို့နယ်တရားသူကြီး၏ တရားခွင်အခန်းရှေ့ ရောက်ရှိနေကြောင်း ကိုအောင်အောင်ဇော်က ပြောပြ၍ သိရ၏။ ဦးအောင်မြိုင်တို့ ထိုင်နေချိန် လှည်းကူးမြို့နယ် စရဖအဖွဲ့မှ ကိုသန်းမျိုးဇော် ကိုပြည့်စုံအောင် ၂ ယောက်သည် အအေးဗူးများဖြင့် ရောက်လာကြ၏။ ဦးအောင်မြိုင်နှင့် စကားအနည်းငယ် ပြောကြ၏။
နေ့လယ် ၁ နာရီ ၁၀ မိနစ်အချိန်တွင် တရားခွင်အတွင်း မြို့နယ် တရားသူကြီး ရှေ့မှောက် ရောက်ကြရပါ၏။
ဦးအောင်အောင်ဇော်ကို အရင် ခေါ်၏။
တရားလို ဦးထူးအောင်လွင်သည် တရားလို အစစ်ခံ ထိုင်ခုံ၌ ထိုင်နေ၏။ ဥပဒေအရာရှိအသစ်နှင့် တရားလို၏ ရှေ့နေ ၂ ယောက်တို့လည်း ရှိနေကြပါ၏။
ဦးအောင်အောင်ဇော်သည် တရားခံ ထိုင်ရန် သတ်မှတ်ထားသည့် ထိုင်ခုံ၌ ထိုင်နေရ၏။ ဦးအောင်အောင်ဇော် ၏ ရှေ့နေ ၂ ယောက်လည်း ရှိနေကြပါ၏။
တရားရုံးဝန်ထမ်း ၄ ဦး ရှိနေကြ၏။
ဦးအောင်အောင်ဇော်၏ ရှေ့နေက တရားလိုကို စစ်ဆေး၏။ တရားလို၏ ထွက်ဆိုချက်တွင် ပါဝင်သည့် အကြောင်းအချက်များကို မေး၏။ တရားလိုကို စစ်ဆေးသည့်အချိန် ၁ နာရီ ခန့် ကြာ၏။ ထို့နောက် နောက်တစ်ပတ်ရုံးချိန်းရက်ကို နိုဝင်ဘာလ ၂၈ ရက်ဟု သဘောတူ သတ်မှတ်ကြ၏။
ဦးအောင်အောင်ဇော်အား စွဲဆိုထားမှု စစ်ဆေးနေစဉ် ၂ ယောက်စလုံးနှင့် သက်ဆိုင်သော မေးခွန်းများ မေးရန် ညွှန်ကြားကြောင်း ဦးအောင်အောင်ဇော့်ရှေ့နေက ဦးသူရိယ၏ တာဝန်ပေးအပ်ချက်အရ ဦးထူးအောင်လွင် က တရားလိုပြုလုပ်သည့်အတွက် တရားလိုအစစ်မှာ အရိယာမဏ္ဍိုင်တောရရိပ်သာမှ ရဟန္တာဟု ပြောဆိုသူ ဦးသူရိယဖြစ်ကြောင်း ဦးသူရိယသည် ဝိနည်းသိက္ခာပုဒ်တော်အရ မြတ်စွာဘုရားက တရားစွဲသော ရဟန်းအား အာပတ်သင့်စေဟု ပညတ်၍ တားမြစ်ထားသည်ကို သိပါသလားဟု မေးရာ မြို့နယ်ဥပဒေ အရာရှိက ယခု ၆၆ ဃ အမှုနှင့် မသက်ဆိုင်သဖြင့် ကန့်ကွက်ခဲ့ကြောင်း ပြန်ပြောပြ၍ သိရပါ၏။
ပြန်ပြောပြ၍ သိရသည်မှာ ထိုသို့စစ်ဆေးနေချိန် ဦးအောင်မြိုင်သည် တရားရုံးအပေါ်ထပ် အတူတူ လိုက် ပါလာသော စရဖ ကိုပြည့်စုံအောင်နင့် စကားပြောနေခြင်းကြောင့် နားမထောင်မိ၍ ဖြစ်ပါ၏။
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ထံ အမှု ၃ မှု တင်သွင်းထားကြောင်း ထိုအမှု ၃ ခုထဲမှ အဓမ္မဝါဒဖြစ်ကြောင်း ဆုံးဖြတ်ပေးပါရန် ဝိဝါဒစောဒနာလွှာကို ဇူလိုင်လ ၁ ရက် နေ့ မဟန အစည်းအဝေးက အမှုအဖြစ် အတည်ပြု လက်ခံလိုက်သည့်အတွက် ဇူလိုင် လ ၂ ရက်နေ့ ရဲစခန်းမှာ အမှုဖွင့်ခဲ့တာဖြစ်ကြောင်း ဇူလိုင်လ ၃ ရက်နေ့ အိမ်အထိ ရဲများ လာရောက်ဖမ်းဆီးခဲ့ကြကြောင်း စသည်များ ပြောပြဖြစ်ပါ၏။
ထိုအချိန်တွင် ဦးအောင်အောင်ဇော်အား စွဲဆိုထားမှု အတွက် စစ်ဆေးချက် ပြီးသွားလေ၏။
************
ထို့နောက် ဦးအောင်မြိုင်အား စွဲဆိုထားသောအမှုကို ခေါ်၏။ ဦးအောင်မြိုင်သည် တရားခံ ထိုင်ရန် သတ် မှတ်ထားသည့် ခုံတန်းရှည်၌ ထိုင်နေရ၏။ လက်မှတ် ထိုးခြင်း စသည်များ ပြုလုပ်ရ၏။ ထို့နောက် စစ်မည် ထင်ထားမိပါ၏။ ဦးအောင်အောင်ဇော်အား စွဲဆိုထားသောအမှု စစ်ချက်များအတိုင်းပင် ဖြစ်ကြောင်း ပြောသံကြားရ၏။ ဘာကို ဆိုလိုမှန်း မသိပါ။ ထို့နောက် ရှေ့နေများ ဝတ်စုံ အပေါ်အင်ကျီ ချွတ်ကြသည်ကို တွေ့ရ၏။ ပြီးပြီဖြစ်ကြောင်း ပြောကြ၏။ ၅ မိနစ် ခန့် ကြာမည် ထင်ရ၏။
စောစောက တင်ပြထားသည့် ဦးအောင်အောင်ဇော့်ရှေ့နေက ဦးသူရိယ၏ တာဝန်ပေးအပ်ချက်အရ ဦးထူးအောင်လွင်က တရားလိုပြုလုပ်သည့်အတွက် တရားလိုအစစ်မှာ အရိယာမဏ္ဍိုင်တောရရိပ်သာမှ ရဟန္တာဟု ပြောဆိုသူ ဦးသူရိယဖြစ်ကြောင်း ဦးသူရိယ သည် ဝိနည်းသိက္ခာပုဒ်တော်အရ မြတ်စွာဘုရားက တရားစွဲသော ရဟန်းအား အာပတ်သင့်စေဟု ပညတ်၍ တားမြစ်ထားသည်ကို သိပါသလားဟု မေးရာ မြို့နယ်ဥပဒေအရာရှိက ယခု ၆၆ ဃ အမှုနှင့် မသက်ဆိုင်သဖြင့် ကန့်ကွက်ခဲ့ကြောင်းဆိုသည့် အချက်သည် မှန်သည် မထင်ပါ။
ဦးသူရိယသည် နိုင်ငံသား တစ်ဦးဖြစ်၍ ၆၆ ဃ အရ တရားလိုပြုလုပ်ခွင့်ရှိသည်မှာ မှန်ပါ၏။ သံဃာ့အဖွဲ့အစည်းဝင် ရဟန်းတစ်ပါးဖြစ်၍ ဝိနည်းသိက္ခာပုဒ်အရ လူတစ်ယောက်ယောက်ကို ထိခိုက်နစ်နာစေရန် တရားစွဲခွင့်မရှိသည်မှာ အမှန်ပင် ဖြစ်ပါ၏။
တရားစွဲမှု ပြုလုပ်ထားခြင်းသည် ဝိနည်းသိက္ခာပုဒ်ကို ဖောက်ဖျက်ကျူးလွန်ထားမှုသာလျှင် ဖြစ်၏။
ဦးသူရိယသည် ဝိနည်းသိက္ခာပုဒ်တော်အရ မြတ်စွာဘုရားက တရားစွဲသော ရဟန်းအား အာပတ်သင့်စေဟု ပညတ်၍ တားမြစ်ထားသည်ကို သိပါသလားဟုမေးသော မေးခွန်းသည် မေးဖို့ လိုအပ်သော မေးခွန်း ဖြစ်၏။ ယခု ၆၆ ဃ အမှုနှင့် သက်ဆိုင်သည်သာ ဖြစ်၏။ အမှုတွဲ၌ ဦးသူရိယ၏ တာဝန်ပေးအပ်စာ တိုက်ရိုက်ပါရှိနေသည်ဖြစ်၍ တရားလိုအစစ်မှာ အရိယာမဏ္ဍိုင်တောရရိပ်သာမှ ရဟန္တာဟု ပြောဆိုသူ ဦးသူရိ ယဖြစ်ကြောင်း မည်သို့မျှ ငြင်း၍ မရနိုင်ပါ။ ထို့ ကြောင့် လာမည့် ၂၈ ရက်နေ့ ရုံးချိန်းတွင် ဝိနည်းသိက္ခာပုဒ်ဆိုင်ရာ မေးခွန်းများ ထပ်မံ မေးစစ်ပေးဖို့ တိုက်တွန်းရန် ရှိပါ၏။
ဦးအောင်မြိုင်၊ ဦးအောင်အောင်ဇော် တို့က ဦးသူရိယအပေါ် အမှုဖွင့် တရားစွဲမည် ဆိုပါက ဦးသူရိယသည် ရဟန်းတစ်ပါးဖြစ်၍ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌထံမှ ဥပဒေအရ ဆောင်ရွက်သည့်ကိစ္စဖြစ်၍ ကန့်ကွက်ရန် မရှိပါ စသည်ဖြင့် မကန့်ကွက်မှသာ တရားစွဲခွင့်ရှိပါ၏။ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌက တရားစွဲခြင်းကို ခွင့်မပြုပါဟု တားမြစ်ပါက အမှုဖွင့်မရပါ။ တရားစွဲမရပါ။ ဤသည်မှာ ဝိနည်းသိက္ခာပုဒ်များကို လိုက်နာရသော သံဃာ့အဖွဲ့အစည်းဝင် ရဟန်းများအတွက် နိုင်ငံတော်နှင့် တည်ဆဲဥပဒေများက အခွင့်အရေး ပေးထားချက်တည်း။
အရိယာမဏ္ဍိုင်တောရရိပ်သာမှ ရဟန္တာဟု ပြောဆိုသူ ဦးသူရိယသည် အထက်ပါ အခွင့်အရေးကို ကျော်လွန် ပြီး ဝိနည်းသိက္ခာပုဒ်ကို ဖောက်ဖျက် ကျူးလွန်ပြီး ဦးအောင်မြိုင်၊ ဦးအောင်အောင်ဇော်တို့အပေါ် အမှုဖွင့်သူ တရားစွဲသူ ဖြစ်နေ၏။ မြို့နယ်ဥပဒေအရာရှိ ၏ ကန့်ကွက်ချက်အတိုင်း ဦးသူရိယသည် ဝိနည်းသိက္ခာပုဒ်တော်အရ မြတ်စွာဘုရားက တရားစွဲသော ရဟန်းအား အာပတ်သင့်စေဟု ပညတ်၍ တားမြစ်ထားသည်ကို သိပါသလားဟု မေးသော မေးခွန်းများကို ကန့်ကွက်ခွင့်ရှိသည်ဆိုလျှင် ဦးအောင်မြိုင် ဦးအောင်အောင်ဇော်တို့က အမှုဖွင့် တရားစွဲမှုအတွက် မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌထံမှ မကန့်ကွက်ကြောင်း သဘောထားမှတ်ချက် ပါရှိစရာမလိုတော့ဘူးဟု တိုက်ရိုက်ခွင့်ပြုပြီး ဖြစ်လေ၏။
ထို့အခြေအနေများအရ မြို့နယ်ဥပဒေအရာရှိ၏ ကန့် ကွက်ချက်သည် နိုင်ငံတော်နှင့် တည်ဆဲဥပဒေများက ပေးအပ်ထားသော အခွင့်အရေးများနှင့် ဆန့်ကျင်မှု ရှိသလား၊ မရှိဘူးလား ပြန်လည်ဆန်းစစ်ရန် လိုပါ၏။
************
နေ့ ၂ နာရီတွင် စစ်ဆေးမှု ပြီး၏။ အိမ်ကို ည ၄ နာရီခန့်တွင် ပြန်ရောက်၏။ ကိုအောင်အောင်ဇော်နှင့် ကိုရာဇာလင်းတို့လည်း ပြန်သွားကြ၏။
အသွားတက္ကစီခ နှစ်သောင်း ၂၅၀၀၀ ကျပ်
အပြန်တက္ကစီခ နှစ်သောင်း ၂၅၀၀၀ ကျပ်
ရှေ့နေ၂ ဦး ခရီးစရိတ် ငါးသောင်းကျပ် ၅၀၀၀၀ ကျပ်
ဦးအောင်အောင်ဇော်အား စွဲဆိုထားမှု ရှေ့နေခအတွက် ငါးသိန်း ၅၀၀၀၀၀ ကျပ်
************
အရိယာမဏ္ဍိုင် တောရရိပ်သာမှ ရဟန္တာဟု ပြောဆိုနေသူ ဦးသူရိယနှင့် အပေါင်းအပါများက နိုင်ငံတော်က တားမြစ်ပိတ်ပင်ထားသော ကျောက်သင်္ဘောဝါဒ အဓမ္မဝါဒများကို အရိယာမဏ္ဍိုင် တောရရိပ်သာမှ ရဟန္တာဟု ပြောဆိုနေသူ ဦးသူရိယနှင့် အပေါင်းအပါများက ပြန်လည်ဟောပြောနေခြင်းကြောင့် ဝိနည်းဓမ္မကံ ဥပဒေအရ အရေး ယူနိုင်ရေးအတွက် စစ်ဆေးဆုံးဖြတ်ပေးပါရန် 25-3-2024 ရက်စွဲဖြင့် ကမ္ဘာအေး မဟနရုံးမှာ တိုင်ကြားထားပါကြောင်း ထိုတိုင်ကြားစာကို ကမ္ဘာအေး မဟနရုံးက အစည်းအဝေးများသို့ မတင်ပြဘဲ ထိန်ချန်ဖျောက်ဖျက်ထားပါကြောင်း ထို့ကြောင့် နိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဦးဆောင် ကြီးကြပ်ကွပ်ကဲပြီး ဆောင်ရွက်ပေးသင့်ပါကြောင်း၊ နိုင်ငံတော်က တားမြစ်ပိတ်ပင်ထားသော ကျောက်သင်္ဘောဝါဒ အဓမ္မဝါဒများကို အရိယာမဏ္ဍိုင်တောရရိပ်သာမှ ရဟန္တာဟု ပြောဆိုနေသူ ဦးသူရိယနှင့် အပေါင်းအပါများက ပြန်လည်ဟောပြောနေခြင်းကြောင့် ဝိနည်းဓမ္မကံ ဥပဒေအရ အရေးယူခြင်းကိစ္စမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဦးဆောင် ကြီးကြပ်ကွပ်ကဲပြီး ဆောင်ရွက်ပေးမှသာလျှင်အကောင် အထည် ပေါ်နိုင်မည့် အခြေအနေသို့ ရောက်ရှိနေပါ၏။
************
၁။
စက်တင်ဘာလ ၅ ရက်နေ့ တရားရုံးသို့ အမှုတွဲ ရောက်ရှိခဲ့၏။ နောက်ရုံးချိန်းတွင် အမှုစစ်ဆေးခြင်းဆိုင်ရာ စီမံချက် ချမှတ်မည်ဟု မိန့်ဟမြွက်ကြားခဲ့၏။
၂။
စက်တင်ဘာလ ၁၉ ရက်နေ့တွင် ရုံးချိန်း ခေါ်ပါ၏။ ရှေ့နေများ ပါဝါတင်ကြ၏။ ထိုရုံးချိန်းတွင် အမှုစစ်ဆေးခြင်းဆိုင်ရာ စီမံချက် ချမှတ်နိုင်ခြင်းမရှိခဲ့ပါ။
၃။
စက်တင်ဘာလ ၂၇ ရက်နေ့ရုံးချိန်းတွင် အမှုစစ်ဆေးခြင်းဆိုင်ရာ စီမံချက်အဖြစ် တစ်ပါတ်ချင်း ရက်ချိန်းသတ်မှတ်ပြီး ဆင့်ခေါ်စစ်ဆေးသွားမည်ဖြစ်ကြောင်း မိန့်ဟမြွက်ကြား၏။
၄။
အောက်တိုဘာလ ၁၀ ရက်နေ့တွင် တရားလို ဦးထူးအောင်လွင်ကို ဥပဒေအရာရှိက စတင်စစ်ဆေးပါ၏။
၅။
အောက်တိုဘာလ ၂၄ ရက်နေ့တွင် တရားလို ဦးထူးအောင်လွင်ကို ဦးအောင်အောင်ဇော် ဦးအောင်မြိုင်တို့၏ ရှေ့နေက ပြန်လှန်စစ်ဆေးပါ၏။
၆။
အောက်တိုဘာလ ၃၁ ရက်နေ့တွင် ရုံးချိန်း ခေါ်ထား၏။ ဦးအောင်အောင်ဇော်၊ ဦးအောင်မြိုင်တို့၏ ရှေ့နေ များ ရုံးချိန်း သွားရောက်ကြ၏။ ဦးအောင်အောင်ဇော်၊ ဦးအောင်မြိုင်တို့သည် လတ်တလော ကျန်းမာရေးအရ ခွင့်တင်ပုံစံ ဖြည့် ၍ ခွင့်တင်ကြရ၏။
၇။
နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ရုံးချိန်း ခေါ်ထား၏။ ဦးအောင်အောင်ဇော်၊ ဦးအောင်မြိုင်တို့၏နှင့် ရှေ့နေ များ ရုံးချိန်း သွားရောက်ကြ၏။
၈။
နောက်ရုံးချိန်း နိုဝင်ဘာလ ၂၈ ရက်နေ့၊ နေ့လယ် ၁ နာရီအချိန်
************
၁။ တရားလို ဦးထူးအောင်လွင်က ဦးအောင်မြိုင်အား အရေးယူပေးပါရန် အမှုတွဲ ရာကြီးမှုအမှတ် ၄၀၈၅ ၌ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးရုံးမှ ကြိုတင်ခွင့်ပြု ချက် ရယူထားခြင်းမရှိကြောင်း တွေ့ရပါ၏။ ဆန်ရှင်အမိန့် မပါရှိပါ။
၂။ တရားလို ဦးထူးအောင်လွင်က ဦးအောင်အောင်ဇော်အား အရေးယူပေးပါရန် အမှုတွဲ ရာကြီးမှုအမှတ် ၄၀၈၆ ၌ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးရုံးမှ ကြိုတင် ခွင့်ပြုချက် ရယူထားကြောင်း တွေ့ရပါ၏။ ဆန်ရှင့်အမိန့် ပါရှိပါ၏။
**********
တရားလို ဦးထူးအောင်လွင်က အမှုဖွင့် တရားစွဲ အရေးယူမှု သည် အရိယာမဏ္ဍိုင်တောရရိပ်သာမှ ရဟန္တာဟု ပြောဆိုသူ ဦးသူရိယ၏ တာဝန်ပေးအပ်ချက်အရ အမှုဖွင့် တရားစွဲ အရေးယူကြောင်း အမှုတွဲ၌ စာရွက် ၁ ရွက် တွေ့ရ၏။
ဦးအောင်မြိုင် ဦးအောင်အောင်ဇော်တို့မှာ ပြစ်မှု ကျူးလွန်ကြောင်း ပေါ်ပေါက်၍ ပြစ်ဒဏ်စီရင်ခံရပါက တာဝန်ပေးအပ်သူ အရိယာမဏ္ဍိုင်တောရရိပ်သာမှ ရဟန္တာဟု ပြောဆိုသူ ဦးသူရိယမှာ တာဝန်မရှိသော်လည်း ဦးအောင်မြိုင်၊ ဦးအောင်အောင်ဇော်တို့မှာ ပြစ်မှု ကျူးလွန်ကြောင်း မပေါ်ပေါက်ပါက တာဝန်ပေး အပ်သူ အရိယာမဏ္ဍိုင်တောရရိပ်သာမှ ရဟန္တာဟု ပြောဆိုသူ ဦးသူရိယမှာ တာဝန်ရှိလာမည် ဖြစ်ပါ၏။ ဝိနည်းတရားတော်များအရ ဘဏ္ဍာစားပေးလျှော်ရမည် ဖြစ်ပါ၏။
ဘဏ္ဍာစား မပေးပါက ဘဏ္ဍာတန်ဖိုး အလိုက် ပါရာဇိကအာပတ် သင့်ဖို့ တန်ဖိုးလောက်ပါက ဒုတိယပါရာဇိကသိက္ခာပုဒ်အရ ခိုးမှုအဖြစ် အကျုံးဝင်ပြီး ပါရာဇိကအာပတ် သင့်ရောက်မည် ဖြစ်ပါ၏။
**********
ဣတိပိ သော ဘဂဝါ အနုတ္တရော ပုရိသဒမ္မသာရထိ။
ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့လွန်မြတ်သော ပုဂ္ဂိုလ် ဖြစ်တော်မူသော အကြောင်းကြောင့်လည်း 'အနုတ္တရော ပုရိသဒမ္မသာရထိ' မည်တော်မူ၏။
************
သတင်းတင်ပြသူ
အောင်မြိုင် မစိုးရိမ်စာသင်သား
မှုခင်းသတင်းထောက်ဟောင်း
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment