ရန်ကုန်၊ နိုဝင်ဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်ရှိ၊ ရှေးဟောင်းသမိုင်းဝင် ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီး၌ အကြိမ်(၄၀ ) မြောက် မသိုးရွှေကြာမြတ်သင်္ကန်းကပ်လှူပူဇော်ပွဲအခမ်းအနားအား နံနက်(၅ ၀၀ )နာရီက ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်အတွင်းရှိ ရုပ်ပွားတော်( ၂၄ ) ဆူတို့အား ရွှေကြာသင်္ကန်းများကပ်လှူပူဇော်ခဲ့ကြသည်။
၎င်းအခမ်းအနားသို့ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဗဟို) YMBA အမှုဆောင်များ၊ ရန်ကုန်တိုင်း ဥက္ကဋ္ဌ နှင့်ခရိုင်/မြို့နယ်အမှုဆောင်များ၊ ရပ်ကျေးအဖွဲ့ဝင်များ YMBA သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးအဖွဲ့ ဝင်များ က အဆိုပါ မသိုးရွှေကြာမြတ်သင်္ကန်းအားကပ်လှူပူဇော်၍ ရေစက်ချမင်္ဂလာအခမ်းအနားကို နန်းဦးဘုရားတန်ဆောင်း၌ကျင်းပရာ ပထမဦးစွာနမောတဿ (၃)ကြိမ်ရွက်ဆို ပူဇော်ဖွင့်လှစ်၍ ကိုးပါးသီလခံယူစောင့်ထိန်းကြပြီး ကြွရောက်လာသောသံဃာတော်များမှ အန္တရာယ်ကင်းမေတ္တာသုတ်တရားတော်များ ရွတ်ဆိုပူဇော်ခဲ့ကြသည်။
ထို့နောက် ရေစက်ချတရား နာကြားကြပြီး ရေစက်သွန်းချအမျှဝေခဲ့၍ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနား အောင်မြင်ပြီးမြောက်ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment