ရန်ကုန်၊ နိုဝင်ဘာ ၁၅
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂၆)ရပ်ကွက်၊ ပုလဲရတနာလမ်းရှိ နိကာယ်ငါးရပ်ပိဋကသုံးပုံစာသင်တိုက်ကြီးတွင် ယနေ့(၁၅,၁၁,၂၀၂၄)ရက်နေ့ သောကြာနေ့ (၁၀း၀၀)အချိန်တွင် အမှတ်(၂၅)ရပ်ကွက်မှ စေတနာရှင် ပြည်သူများ၏ (တတိယအကြိမ်မြောက်)ရပ်ကွက်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနား ကျင်းပခဲ့သည်။
နိကာယ်ငါးရပ်ပိဋကသုံးပုံ စာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယကဆရာတော် ရွှေရတုတိပိဋကဓရ တိပိဋကကောဝိဒ ဓမ္မဘဏ္ဍာဂါရိက တိပိဋကပါဠိပါရဂူ ဆရာတော်ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသ (မော်ကျွန်းဆရာတော်)မှ ကထိနအနုမော်ဒနာတရားတော်အား ဟောကြားချီးမြှင့်တော်မူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီး သံဃာတော်(၁၉၂)ပါးအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း၍ ဧည့်ပရိတ်သတ်အပေါင်းတို့အား ကြက်ဆီထမင်း ရေခဲမုန့်တို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။
အမှတ်(၂၅)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဆောင်မှုဖြင့် ရပ်ကွက်နေပြည်သူများ ပူးပေါင်းပါဝင် လှူဒါန်းမှုဖြင့် ပဒေသာပင်(၃၀)ပင်၊ နဝကမ္မအလှူတော် (၁၃,၀၃၂,၁၀၀/)ကျပ်၊ ပစ္စည်းဒါနအလှူတော်(၉,၁၁၇,၉၀၀/)ကျပ်၊ ဆွမ်းဒါနအလှူတော်(၁,၉၅၀,၀၀၀/)ကျပ်၊ စုစုပေါင်း(၂၄,၁၀၀,၀၀၀/)ကျပ်တိတိ လှူဒါန်းနိုင်ခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost













No comments:
Post a Comment