ညောင်ဦးမြို့နယ် တောပြားကျေးရွာနေ အပြစ်မဲ့ ပြည်သူတစ်ဦး အား PDF အကြမ်းဖက်သမားများက သတ်လိုက်ကြပြန်ပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးမြို့နယ် တောပြားကျေးရွာနေ အပြစ်မဲ့ ပြည်သူတစ်ဦး အား PDF အကြမ်းဖက်သမားများက သတ်လိုက်ကြပြန်ပြီ

 


ညောင်ဦး၊ နိုဝင်ဘာ ၁၅

မန္တလေးတိုင်းဒေသကြီး၊  ညောင်ဦးမြို့နယ်၊ တောပြားကျေးရွာအုပ်စု၊ တောပြားကျေးရွာတွင် လူတစ်ဦးသေနတ် ပစ်ခတ်ခံရကြောင်း သတင်းအရ သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများမှ အခင်းဖြစ်ကျေးရွာသို့ သွားရောက်စစ်ဆေးခဲ့ရာ ဦးကျော်မိုးအား ၁၄-၁၁-၂၀၂၄ ရက်နေ့ ၁၉:၀၀ အချိန်ခန့်တွင် အချိန်ခန့်တွင် PDF အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်သတ်သွားကြောင်း သိရသည်။

ဦးကျော်မိုး၊ ၆၇ နှစ်၊ (ဘ)ဦးခင်မောင်၊ တောင်သူ၊ တောပြားကျေးရွာ၊ ညောင်ဦးမြို့နေသူ (သမဝါယမစာရေး-ငြိမ်း)အား ယာဘက်ရင်အုံ ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ ယာ-နဖူး ဖောက်ဝင်ဒဏ်ရာ ၁ချက်တို့ဖြင့် သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရပြီး အခင်းဖြစ်နေရာအနီးမှ USA 9-MM Luger စာတမ်းပါ ကျည်ခွံ ၁ခု၊9-MM Luger NRC စာတမ်းပါ ကျည်ခွံ ၂ခု၊Win 9-MM Luger စာတမ်းပါ ကျည်ခွံ ၁ခုတို့အား တွေ့ရှိခဲ့ရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းရာ သေဆုံးသူသည် ၁၄-၁၁-၂၀၂၄ ရက်နေ့ ၁၉:၀၀ အချိန်ခန့်တွင် နေအိမ်၌ရှိနေစဉ် PDF အကြမ်းဖက်သမားများ ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ် သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)