ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လယ်ယာကဏ္ဍ စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် သီးထပ်နှင့် သီးနှံစိုက်စွမ်းအားတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သည့် မြို့နယ်များအား ဂုဏ်ပြုဆုချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လယ်ယာကဏ္ဍ စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် သီးထပ်နှင့် သီးနှံစိုက်စွမ်းအားတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သည့် မြို့နယ်များအား ဂုဏ်ပြုဆုချီးမြှင့်




သာယာဝတီ၊ နိုဝင်ဘာ ၁၈

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လယ်ယာကဏ္ဍ စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် သာယာဝတီခရိုင်အတွင်း ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိအောင် စိုက်ပျိုးထုတ်လုပ်ခဲ့သည့် ထူးချွန်တောင်သူများ သီးထပ်စွမ်းအားနှင့် သီးနှံစိုက်စွမ်းအား တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သည့် မြို့နယ်များအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို သာယာဝတီမြို့၊ စျေးရပ်ကွက်ရှိ ဆရာစံခန်းမ၌ ယနေ့နံနက်ပိုင်း ကျင်းပခဲ့သည်။

အခမ်းအနားတွင် ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သီးထပ်စွမ်းအား တိုးတက်ဆောင်ရွက်နိုင်မှု ထူးချွန်မြို့နယ် (ပထမဆု)ရရှိသည့် သာယာဝတီမြို့နယ်မှ ဦးဆန်းဟို၊ သီးနှံစိုက်စွမ်းအား တိုးတက်ဆောင်ရွက်နိုင်မှု ထူးချွန်မြို့နယ် (ပထမဆု)ရရှိသည့် အုတ်ဖိုမြို့နယ်မှ တောင်သူတစ်ဦးတို့အား ဆုများပေးအပ်ချီးမြှင့်ပြီး ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး အောင်သောင်းထိုက်က မိုးစပါးစိုက်ပျိုးထုတ်လုပ်မှု ထူးချွန်တောင်သူဆုရရှိသည့် အုတ်ဖိုမြို့နယ်မှ တောင်သူ ဦးတင်ရွှေ၊ နွေစပါး စိုက်ပျိုးထုတ်လုပ်မှု ထူးချွန်တောင်သူဆုရရှိသည့် သာယာဝတီမြို့နယ်မှ တောင်သူ ဦးသိန်းဇော်တို့အားလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးဦးတင်ဦးက မြေပဲစိုက်ပျိုးထုတ်လုပ်မှု ထူးချွန်တောင်သူဆုရရှိသည့် မင်းလှမြို့နယ်မှ တောင်သူ ဦးသိန်းအောင်၊ နှမ်းစိုက်ပျိုးထုတ်လုပ်မှု ထူးချွန်တောင်သူဆုရရှိသည့် လက်ပံတန်းမြို့နယ်မှ တောင်သူ ဦးဥာဏ်ရွှေတို့အားလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင့်ဆွေက မတ်ပဲ စိုက်ပျိုးထုတ်လုပ်မှု ထူးချွန်တောင်သူဆုရရှိသည့် သာယာဝတီ မြို့နယ်မှ တောင်သူ ဦးသန့်ဇင်ဦး၊ ပဲတီစိမ်း စိုက်ပျိုးထုတ်လုပ်မှု ထူးချွန်တောင်သူဆုရရှိသည့် ကြို့ပင်ကောက် မြို့နယ်မှ တောင်သူ ဦးသိန်းထွန်းတို့အားလည်း​ကောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင် အစေ့ထုတ်ပြောင်းစိုက်ပျိုထုတ်လုပ်မှု ထူးချွန်တောင်သူဆုရရှိသည့် မိုးညိုမြို့နယ်မှ တောင်သူ ဦးထွန်းထွန်းနိုင်၊ ကြံ စိုက်ပျိုးထုတ်လုပ်မှု ထူးချွန်တောင်သူဆုရရှိသည့် ကြို့ပင်ကောက် မြို့နယ်မှတောင်သူ ဦးမင်းနိုင်တို့အား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထို့နောက် (၂၀၂၃-၂၀၂၄) ခုနှစ် သီးနှံအထွက်နှုန်း မြင့်မားမှုရရှိအောင် စိုက်ပျိုးထုတ်လုပ်ခဲ့သည့် အတွေ့အကြုံများအား ရှင်းလင်းတင်ပြကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများက ဆုရရှိကြသည့် တောင်သူများနှင့်အတူ အမှတ်တရစုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူခဲ့ကြကြောင်း သိရသည်။


သန့်ဇော်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)