ပေါင်၊ နိုဝင်ဘာ ၂၄
မွန်ပြည်နယ် ပေါင်မြို့နယ်အနီးဝန်းကျင်တစ်ဝိုက်နှင့် ကျေးလက်ဒေသများတွင် ဥစားပိန်းစိုက် တောင်သူများ စျေးကောင်းရရှိသဖြင့် မိသားစု တစ်ပိုင်တစ်နိုင်စိုက်ပျိုးရာမှ စီးပွားဖြစ်တိုးချဲ့စိုက်ပျိုးလာကြကြောင်း သိရသည်။
ဥစားပိန်းပင်များကို မစိုက်မီမြောင်းပေါင်ကို အရင်ဆုံးပြုပြင်ရပြီး စိုက်ပေါင်များအတွင်း မြေခံကြက်ချေး သို့မဟုတ် နွားချေးနှင့် ဆန်စက်မှရရှိသည့် ဖွဲမှုန့်များကိုရောစပ်ထည့်ပေးရကြောင်း၊ ပိန်ပင်ပေါက်များကို တစ်ပင်နှင့်တစ်ပင် တစ်ပေခန့်အကွာ စိုက်ပျိုးရကြောင်း၊ အပင်ကြီးထွားမှုနှင့် လေဝင် လေထွက်ကောင်းရန် ဂရုစိုက်ရပြီး ရက်( ၈၀) ခန့်အကြာတွင် စတင်၍ဥများတူးဖော်ကာ ရောင်းချရကြောင်း ပေါင်မြို့နယ် ကျုံကကျေးရွာမှ ဥစားပိန်းစိုက် တောင်သူတစ်ဦးက ပြောသည်။
ဥစားပိန်းများကို ရာသီမရွေးစိုက်ပျိုးရပြီး စျေးကွက်တွင် ဒေသ ပေါက်စျေး တစ်ပိဿာလျှင် (၅၀၀၀) ကျပ် ရရှိကာ တောင်သူများ တစ်ပိုင်တစ်နိုင်စိုက်ပျိုးရာမှ ယခုအခါ စီးပွားဖြစ်တိုးချဲ့စိုက်ပျိုးလာကြကြောင်း သိရသည်။
မွန်မလေး
Join - https://t.me/MyanmarNationalPost



No comments:
Post a Comment