ဂျီအမ်အက်စ်၏ သင်္ကေတတစ်ခုဖြစ်သည် စီးပွားရေးစင်္ကြံများ၏ အရေးပါမှုကို အလေးထား ပြောကြားလိုကြောင်း၊ စီးပွားရေးစင်္ကြံများဖွံ့ဖြိုးမှုသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုကို အရှိန်မြှင့်တင်ရန်၊ ဒေသတွင်းပေါင်းစည်းမှုကို မြှင့်တင်ရန်နှင့် အားလုံးပါဝင်နိုင်သော ဖွံ့ဖြိုးတိုး တက်မှုကို မြှင့်တင်ရန်အတွက် လွန်စွာအရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နေခြင်း ဖြစ်ကြောင်း၊ ထုတ်လုပ်သူများနှင့် ဈေးကွက်များအကြား ချိတ်ဆက်မှုကို တိုးမြှင့်ခြင်းဖြင့် စီးပွားရေးစင်္ကြံတစ်လျှောက် ကုန်သွယ်မှုတိုးတက်စေသည့်အပြင် နိုင်ငံဖြတ်ကျော်ကုန်သွယ်မှုတွင် ဈေးကွက်အသစ်များ ပေါ်ထွန်းလာစေနိုင်ကြောင်း၊ ယင်းစီးပွားရေး စင်္ကြံများကို အသုံးပြုပြီး အဖွဲ့ဝင် နိုင်ငံများအားလုံး ပါဝင်သော ဒေသတွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရရှိအောင် အလေး ထား ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။
လက်ရှိ မြန်မာနိုင်ငံ၏ တည်ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်းပြီး အကျဉ်းမျှ အသိပေး ပြောကြားလိုကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးလျက်ရှိကြောင်း၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကြီး ၅ ရပ်အပေါ်တွင် အခြေခံပြီး နိုင်ငံအားလုံးနှင့် မိတ်ဝတ် မပျက် ဆက်ဆံရေးမူဝါဒကို ကျင့်သုံးနေခြင်းဖြစ်ကြောင်း။ မိမိတို့အနေဖြင့် နိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူများ၏ အကျိုးစီးပွားများကို အလေးထားပြီး ရှေ့လုပ် ငန်းစဉ် (၅) ရပ်၊ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ တည်ချက် (၉)ရပ် ချမှတ်ကာ ကဏ္ဍအလိုက်အကောင်အထည်ဖော်နေခြင်းဖြစ်ကြောင်း။
လျင်မြန်စွာပြောင်းလဲနေသည့် အခြေအနေများကြားမှ လက်ရှိ နိုင်ငံအချင်းချင်းနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားသော နိုင်ငံတကာကတိကဝတ်များကို အကောင်အထည်ဖော်ရာတွင် မြန်မာနိုင်ငံ အနေဖြင့် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတွင် တန်းတူညီမျှမှုနှင့် အားလုံးပါဝင်မှုသည် အဓိကကျသည့် အခြေခံမူပင် ဖြစ်ကြောင်း၊ ထို့ကြောင့် ဂျီအမ်အက်စ်ဒေသတွင်း လူမှု-စီးပွားဖွံ့ဖြိုး တိုးတက်မှုကို ထောက်ပံ့ပေးနိုင်မည့် ကဏ္ဍအလိုက် စီမံချက်များကို အကောင်အထည်ဖော်ရာတွင် အဖွဲ့ဝင်နိုင်ငံအချင်းချင်း ပူးပေါင်းမှု၊ ဂျီအမ်အက်စ် အတွင်းရေး မှူးရုံး၏ ပံ့ပိုးကူညီမှုများ သာမက ဖွံ့ဖြိုးမှုမိတ်ဖက်များ၊ ပုဂ္ဂလိကကဏ္ဍနှင့် ဒေသန္တရအစိုးရများ အပါအဝင် အခြားသက်ဆိုင် သူများအားလုံး အတူတကွ လက်တွဲပူးပေါင်း ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း။
ယခုထိပ်သီးအစည်းအဝေးတွင် နိုင်ငံ့ခေါင်းဆောင်များ၏ အကြံပြုချက်များ သည် အနာဂတ်တွင် ပိုမိုကြံ့ခိုင်၍ ခံနိုင်ရည်ရှိပြီး ရေရှည် တည်တံ့မှုရှိသည့် ဂျီအမ် အက်စ် အသိုက်အဝန်းတစ်ရပ်ဖြစ်ပေါ်လာရေးအတွက် များစွာအထောက် အကူ ဖြစ်စေမည်ဟု ယုံကြည်ပါကြောင်း။
အဋ္ဌမကြိမ် မဟာမဲခေါင်ဒေသခွဲ (ဂျီအမ်အက်စ်) ထိပ်သီးအစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ ဆွေးနွေး ပြောကြားချက်မှ -
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment