ရွှေတောင် ၊ နိုဝင်ဘာ ၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ နွားခြံကုန်းအုပ်စု၊ ကျွန်းတန်းရိုးကျေးရွာတွင် ယမန်နေ့ နေ့လယ်ပိုင်းက တောင်သူစိုက်ပျိုးနည်းပညာပေး ဆွေးနွေး ပွဲကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ၊မြို့နယ်ဦးစီးမှူး ဦးမျိုးအောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဒုတိယတိုင်းဒေသကြီးဦးစီးမှူးရုံး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှကြိုင်က မြေပဲသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာများကိုလည်းကောင်း၊ ခရိုင်မျိုးစေ့ထုတ်တာဝန်ခံ ဒေါ်မြင့်မြင့်သိန်းက မျိုးစေ့ထုတ်လုပ်ခြင်း နည်းပညာများကိုလည်းကောင်း၊ ခရိုင်မြေအသုံးချရေးတာဝန်ခံ ဒေါ်အေးအေးမင်းက မြေပဲတွင်လိုအပ်သော မြေဆီလွှာအာဟာရဓာတ်များအကြောင်းကိုလည်းကောင်း၊ ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်မော်မော်က ဆီထွက်သီးနှံများတွင်ကျသော ပိုးမွှားရောဂါများနှင့် ကာကွယ်နှိမ်နင်းရေး နည်းပညာများကိုလည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ခင်ဝင်းမြင့်က မြေဆီလွှာအကျိုးပြု ပိုက်ဆံလျှော်သစ်စိမ်းမြေသြဇာ စိုက်ပျိုးခြင်းနှင့် ထည့်သွင်းခြင်းနည်းပညာများကိုလည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်လေးလေးနွယ်က နေကြာသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာများကိုလည်းကောင်းအသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် တောင်သူများ က သိရှိလိုသည်များကို ပြန်လည်မြေးမြန်းရာ စိုက်ပျိုးရေးဦးစီးဌာန မှ သက်ဆိုင်ရာ ကဏ္ဍအလိုက် ပြန်လည်ဖြေကြားပေးခဲ့သည်။
အဆိုပါတောင်သူစိုက်ပျိုးနည်းပညာပေး ဆွေးနွေး ပွဲသို့ ကျွန်းတန်းရိုးကျေးရွာရှိ တောင်သူ (၆၃) ဦး၊စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများ စုစုပေါင်း ( ၇၀) ဦးခန့်တက်ရောက်ခဲ့ကြကြောင်းသိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost

No comments:
Post a Comment