ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖက်ဒရယ်စနစ်ဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်ရန် မြန်မာနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ ထွက်ခွာ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖက်ဒရယ်စနစ်ဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်ရန် မြန်မာနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ ထွက်ခွာ


ရန်ကုန်၊ နိုဝင်ဘာ ၄

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖက်ဒရယ်စနစ်ဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်ရန် မြန်မာနိုင်ငံမှ အစိုးရကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီခေါင်းဆောင်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက်ပိုင်းက အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ ထွက်ခွာသွားကြောင်း သိရသည်။

ခရီးစဉ်နှင့် ပတ်သက်၍ ပြည်သူ့ပါတီ မှ သတင်းထုတ်ပြန်ထားရာတွင် "ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖက်ဒရယ်စနစ်ဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်ရန်အတွက် မြန်မာနိုင်ငံ စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှုင်းရေးကော်မတီဝင်များ၊ လက်မှတ်ရေးထိုးထားသော လက်နက်ကိုင် EAOခေါင်းဆောင်များနှင့်အတူ နိုင်ငံရေးပါတီ အစုအဖွဲ့ အလှည့်ကျခေါင်းဆောင်ဖြစ်သူ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးသည်၊ နိုင်ငံရေးပါတီ(၁၁)ပါတီမှ ကိုယ်စားလှယ်များနှင့်အတူ ယနေ့နံနက်က ရန်ကုန်မြို့မှ နယူးဒေလီမြို့သို့ ထွက်ခွာသွားကြသည်။" ဟု ထုတ်ပြန်ထားသည်။


Photo - ပြည်သူ့ပါတီ

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)