မကွေးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် “အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (ကုန်ထုတ်လုပ်မှု) စစ်တမ်း (၂ဝ၂၄) ကောက်ယူရေးအတွက်ကြိုတင်ရှင်းလင်းပွဲ” အခမ်းအနားတက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မကွေးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် “အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (ကုန်ထုတ်လုပ်မှု) စစ်တမ်း (၂ဝ၂၄) ကောက်ယူရေးအတွက်ကြိုတင်ရှင်းလင်းပွဲ” အခမ်းအနားတက်ရောက်


မကွေး၊ နိုဝင်ဘာ ၄

မကွေးတိုင်းဒေသကြီး “အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (ကုန်ထုတ်လုပ်မှု)စစ်တမ်း (၂ဝ၂၄) ကောက်ယူရေးအတွက် ကြိုတင်ရှင်းလင်းပွဲ” အခမ်းအနားကို ယနေ့နံနက်ပိုင်းက မကွေး မြို့နယ်၊ စုပေါင်းရုံးအစည်းအဝေးခန်းမ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီး MSMEAgency ဥက္ကဋ္ဌ၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က အဖွင့်အမှာစကားပြောကြားရာတွင် ယခုလို အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်း (ကုန်ထုတ်လုပ်မှု) စစ်တမ်းကောက်ယူဆောင်ရွက်ခြင်းဖြင့် အကျိုးကျေးဇူးများစွာ ရရှိသည့်အပြင် တိုင်းဒေသကြီးရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ဒေသခံပြည်သူများရဲ့ လူမှုစီးပွားဘဝ အဆင့်အတန်းကို မြင့်မားစေမှာဖြစ်ပါကြောင်းနှင့်လုပ်ငန်းရှင်များအနေဖြင့် စစ်တမ်းကောက်ယူမည့်ကိစ္စရပ်များနှင့်ပတ်သက်၍ ကြိုတင်သိရှိပြီး ပူးပေါင်းပါဝင်နိုင်စေရေး ယခုလို ဆွေးနွေးပွဲ ပြုလုပ်ပေးခြင်းဖြစ်ပါကြောင်း စသည်ဖြင့်ပြောကြားခဲ့သည်။

ထို့နောက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (ကုန်ထုတ်လုပ်မှု) စစ်တမ်း (၂၀၂၄) ကောက်ယူရေးလုပ်ငန်းအဖွဲ့ အတွင်းရေးမှူး၊ မကွေးတိုင်းဒေသကြီး ဗဟိုစာရင်းအင်းအဖွဲ့တိုင်းတာဝန်ခံ ဒေါ်စန်းစန်းနုက  စစ်တမ်းကောက်ယူခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မကွေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေး ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဇော်ထွန်းအောင်က ဆီစက်ချေးငွေနှင့် MSME ချေးငွေဆိုင်ရာသိကောင်းစရာများအား ရှင်းလင်းဆွေးနွေးပြီး အခမ်းအနားတက်ရောက်လာသူများမှ သိရှိလိုသည်များအား မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

အဆိုပါ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်း (ကုန်ထုတ်လုပ်မှု) စစ်တမ်း (၂၀၂၄)ကောက်ယူခြင်းကို မကွေးတိုင်းဒေသကြီးအနေဖြင့် မကွေးမြို့ပါ်ရှိ လုပ်ငန်းပေါင်း (၁၈၄)ခု၊ မင်းဘူးမြို့ပါ်ရှိ လုပ်ငန်းပေါင်း (၆၇)ခုနှင့်  ဆင်ပေါင်ဝဲမြို့ပေါ်ရှိလုပ်ငန်းပေါင်း (၁၇)ခု စုစုပေါင်းလုပ်ငန်း (၂၆၈) ခုကို နိုဝင်ဘာလ(၇)ရက်နေ့မှ (၂၂)ရက်နေ့ အထိ ဗဟိုစာရင်းအင်းမှ ဝန်ထမ်း(၁၆)ဦးက ကွင်းဆင်းကောက်ယူသွားမှာဖြစ်ကြောင်း သိရသည်။


အောင်ကို(ဖန်ခါးမြေ)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)