ကချင်ပြည်နယ်ဝန်ကြီးချုပ် ဟိုတယ်နှင့် တည်းခိုခန်းဝန်ဆောင်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေး၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များတွင် အထူးအလေးထား ပူးပေါင်းပါဝင်စေရေး မြစ်ကြီးနားမြို့ပေါ်ရှိ ဟိုတယ်/တည်းခိုခန်းလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဟိုတယ်နှင့် တည်းခိုခန်းဝန်ဆောင်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေး၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များတွင် အထူးအလေးထား ပူးပေါင်းပါဝင်စေရေး မြစ်ကြီးနားမြို့ပေါ်ရှိ ဟိုတယ်/တည်းခိုခန်းလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး


မြစ်ကြီးနား၊ နိုဝင်ဘာ ၄

ကချင်ပြည်နယ်အတွင်း ဟိုတယ်နှင့်တည်းခိုရိပ်သာလုပ်ငန်းများ လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ရေး၊ ရှေ့ဆက်ဆောင်ရွက်သွားရမည့်လုပ်ငန်းများ စနစ်တကျဖြင့် လုံခြုံရေးကို အလေးထား ဆောင်ရွက်နိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြစ်ကြီးနား မြို့ပေါ်ရှိဟိုတယ်/တည်းခိုခန်းလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဟိုတယ်၊ မိုတယ်နှင့်တည်းခိုခန်းလုပ်ငန်းရှင်များကို သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ် ပြီး နိုင်ငံတော်ကို အခွန်ပေးသွင်းစေကာ လုပ်ငန်းလိုင်စင်ချထားခွင့်ပြုထားပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် လိုက်နာရမည့် ကျင့်ဝတ်၊ စည်းကမ်းများကိုလည်း လိုင်စင်ချထားပေးစဉ်ကတည်းက ထည့်သွင်းသတ်မှတ်ပြီးဖြစ်ပါကြောင်း၊ ထို့အပြင် အဆင့်အတန်းနှင့်ညီမျှသည့် ဝန်ဆောင်မှု အရည်အသွေးများ ပေးအပ်နိုင်ရေး၊ ပုံရိပ်ကျဆင်းမှုမရှိစေရေးလုပ်ငန်းရှင်များဘက်က ကြိုးစားဆောင်ရွက် ကြရမည်ဖြစ်သကဲ့သို့ မိမိတို့အစိုးရအဖွဲ့နှင့် တာဝန်ရှိအဖွဲ့အစည်းများအနေဖြင့်လည်း ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ထို့အပြင် မိမိတို့မြို့လုံခြုံရေးနှင့်တည်ငြိမ်အေးချမ်းရေးကိုလည်း တာဝန်ရှိရှိ၊ တာဝန်သိသိဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြရန် အထူးအလေးအနက်ထား မှာကြားလိုပါကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်မတော်အရာရှိများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအဖွဲ့များက ဟိုတယ်/လုပ်ငန်းရှင်များဘက်မှ သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဧည့်စာရင်းမှန်ကန်စွာ အချိန်နှင့်တစ်ပြေးညီပေးပို့နိုင်ရေး၊ လုံခြုံရေးအတွက် CCTV များ တပ်ဆင်ထားရှိ၍ ကောင်းမွန်အောင် ဆောင်ရွက်ကြရေး၊ လုံခြုံရေး အသိ၊ သတိဖြင့် အထူးအလေးထား ပူးပေါင်းဆောင်ရွက်ပေးရမည့် ကိစ္စရပ်များနှင့် အရေးယူဆောင်ရွက်နိုင်သည့် ဥပဒေ၊ နည်းဥပဒေများကို သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ ဟိုတယ်၊ မိုတယ်နှင့် တည်းခိုခန်းလုပ်ငန်းရှင်များက လုပ်ငန်းလိုင်စင်ဆိုင်ရာကိစ္စရပ်များ၊ ပူးပေါင်းဆောင်ရွက်ပေးရမည့် နည်းလမ်းများနှင့်စပ်လျဉ်း၍ သိလိုသည်များ၊ အခက်အခဲများကို တင်ပြဆွေးနွေးကြသည်။

တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းရှင်များအနေဖြင့် ခရီးသွားရာသီအတွင်း အဆင့်အတန်းမှီစွာ ဝန်ဆောင်မှုပေးနိုင်ရေး၊ မိမိတို့လုပ်ငန်းအဆောက်အဦနှင့် ပတ်ဝန်းကျင်များ သန့်ရှင်းသပ်ရပ်မှုရှိစေရေးနှင့် လုံခြုံရေးဆိုင်ရာအထူးဂရုစိုက် ပူးပေါင်းပါဝင်နိုင်ရေး ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များအကြား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)