ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့တွင်း လမ်းများအဆင့်မြှင့်တင်ခြင်းနှင့် ခရိုင်ပြန်/ဆက်ရုံး ပြန်လည်ပြင်ဆင်နေမှုများအား ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့တွင်း လမ်းများအဆင့်မြှင့်တင်ခြင်းနှင့် ခရိုင်ပြန်/ဆက်ရုံး ပြန်လည်ပြင်ဆင်နေမှုများအား ကြည့်ရှုစစ်ဆေး

 



လွိုင်ကော် ၊  နိုဝင်ဘာ ၆


ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်မြို့ ဘူတာလမ်းကတ္တရာကွန်ကရစ်(AC)အဆင့်မြှင့်တင်ခြင်း၊ ကတ္တရာကွန်ကရစ်စက်ရုံ (AC Plant) လုပ်ငန်းလည်ပတ်နေမှု၊ စည်သူလမ်း ကတ္တရာကွန်ကရစ်ခင်းခြင်း၊ ကျောင်းဥပဓိရုပ် ကျောင်းမွန်ရေး ဆောင်ရွက်နေမှုနှင့် လူထုအခြေပြုဗဟိုဌာန (Community Centre)လုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ရေး ရုံးပြင်ဆင်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။


ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့ ဘူတာလမ်းကတ္တရာ ကွန်ကရစ် (AC)  (၃၇၇၀) ပေ လမ်းမျက်နှာပြင်ညှိ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေးနှင့် အရည်အသွေးကောင်းမွန်ရေး၊ လမ်းလယ်ကျွန်းနှင့် လမ်းဘေးပလက်ဖောင်းများ မြို့အင်္ဂါရပ်နှင့်အညီဖြစ်စေရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ယင်းနောက် ကတ္တရာကွန်ကရစ်ဖျော်စက်ရုံ (AC Plant) သို့ ရောက်ရှိကာ ကတ္တရာကွန်ကရစ် စက်ရုံဝန်းအတွင်း လုပ်ငန်းသုံးပစ္စည်းများထားသိုမှု၊ လုပ်ငန်းလည်ပတ် ဆောင်ရွက်နေမှုများအား အသေးစိတ်ကြည့်ရှုစစ်ဆေးပြီး အရည်အသွေးပြည့်မီသည့် လုပ်ငန်းသုံးပစ္စည်းများ ဖြစ်စေရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။


ဆက်လက်၍ စည်သူလမ်း (၂၇၀၆) ပေအား ကတ္တရာကွန်ကရစ် (AC) ခင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ်လမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) ဦးကျော်ဝင်းမြင့်နှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို အသေးစိတ်ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က လမ်းလုပ်ငန်းဆောင်ရွက်မှုအား သတ်မှတ်စံချိန်စံညွှန်း၊ အရည်အသွေးပြည့်မီအောင်ဆောင်ရွက်ရေး၊ သက်ဆိုင်ရာလုပ်ငန်းစစ်ဆေးရေးကော်မတီများကလည်း စဉ်ဆက်မပြတ် စစ်ဆေးကြပ်မတ်ရေး ဆောင်ရွက်ရန် မှာကြားခဲ့သည်။


ထို့နောက် အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ကာ ကျောင်းအတွင်း ရေများပြန်လည်ကျဆင်း၍ ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ရန် ကျောင်းဥပဓိရုပ် ကောင်းမွန်စေရေးအတွက် ရုံးခန်း၊ ကျောင်းစာကြည့်တိုက်နှင့် စာသင်ဆောင်များ ပြန်လည်ပြုပြင် ဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာမကြီးတို့ကလုပ်ငန်းများဆောင်ရွက် ပြီးစီးမှု၊ ကျောင်းပြန်လည်ဖွင့်လှစ်မည့် အစီအမံများအား ရှင်းလင်းတင်ပြသည်။ ပြည်နယ်ဝန်ကြီးချုပ်က လာမည့်သီတင်း ပတ်တွင် ကျောင်းပြန်လည်ဖွင့်လှစ်ရန်နှင့် ပြုပြင်ခြင်းလုပ်ငန်းများ သတ်မှတ်ကာလအမီ ပြီးစီးရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။


ယင်းနောက် လွိုင်ကော်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့ရောက်ရှိကာ ရုံးပြန်လည်ဖွင့်လှစ်နိုင်ရေး ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူများ၏ အားကိုးအားထားပြုရာ လူထုအခြေပြုဗဟိုဌာန (Community Centre) လုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ရေး ကြိုတင်စီမံထားရန်၊  ကလေးသူငယ်များ၏ စာပေဖတ်ရှုသည့် အလေ့အထနှင့် ပေါင်းသင်းဆက်ဆံတတ်သည့် အလေ့အထများစသည်တို့ အစပြုပျိုးထောင်သည့် ကလေးစာဖတ်ခန်းအား ပြန်လည်ပြုပြင်သွားရန်၊ ပြည်သူများ အသိပညာ ဗဟုသုတရရှိစေမည့် စာကြည့်တိုက်လုပ်ငန်း ပြန်လည်လည်ပတ်နိုင်ရေး ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)