ဒေးဒရဲမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဟောပြောပွဲနှင့် မီးဘေးလုံခြုံရေးစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေးဒရဲမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဟောပြောပွဲနှင့် မီးဘေးလုံခြုံရေးစစ်ဆေး




ဒေးဒရဲ ၊  နိုဝင်ဘာ ၆


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မီးသတ်ဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးနှင့် မီးဘေးအန္တရာယ်ကင်းဝေးပြီး မီးလောင်မှုကြောင့်  အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှု မရှိစေရေးအတွက် ကျောင်းအခြေပြု  မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် အသိပညာပေး ဟောပြောခြင်းလုပ်ငန်းများကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးဟန်ဝင်းစိုးက မြို့နယ် အတွင်း မီးဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ကျောင်းအခြေပြု၊ ရပ်ရွာအခြေပြု မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်နေမှုလုပ်ငန်းများ၊ မီးလောင်မှု ဖြစ်ပွားနိုင်သည့် အခြေအနေအကြောင်အရင်းများ၊ လျှပ်စစ်သုံးစွဲရာတွင် ဂရုပြုရမည့်အချက်များကို အသိပညာပေး ဟောပြောခဲ့ပြီး အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတွင် မီးဘေးလုံခြုံရေးဆောင်ရွက်ထားရှိမှု၊ မီးသတ်ဆေးဘူးနှင့် မီးငြှိမ်းသတ်ရေးပစ္စည်းများ အရန်သင့် ပြင်ဆင်ထားရှိမှုများကို စစ်ဆေးခြင်းနှင့် လိုအပ်သည့်အချက်များကို အကြုံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။


ဒေးဒရဲမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ လိုက်နာရမည့်အချက်များကို အသံချဲ့စက်ဖြင့် လိုက်လံ အသိပေးဆော်သြခြင်းနှင့်ပြည်သူများပါဝင်သော မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခန်းများကို ပြည်သူ့အကျိုးပြုလုပ်ငန်းများအဖြစ် ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။


အေဇာလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)