အဓမ္မဝါဒများ ထွန်းကားလာခြင်းနှင့် သာသနာ သုံးရပ် ကွယ်ခြင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အဓမ္မဝါဒများ ထွန်းကားလာခြင်းနှင့် သာသနာ သုံးရပ် ကွယ်ခြင်း


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်က သင်္ဂါယ နာ ၆ တန် တင်ပြီး အတည်ပြုထားသည့် ပိဋကသုံးပုံလာ တရားတော်များနှင့် ညီညွတ်သော ဗုဒ္ဓဘာသာကို ကိုးကွယ်ရာ ဘာသာသာသနာအဖြစ်  အသိအမှတ်ပြုထား၏။ 

ထို့ကြောင့်ပင် ဆဋ္ဌသင်္ဂါယနာတင် ပိဋကသုဲးပုံး ကျမ်းစာများကို နေပြည်တော် မာရဝိဇယစေတီတော်ကြီး၏ အနီး၌ ကျောက်စာတော်များ ပြုလုပ်၍ ဓမ္မစေတီများအဖြစ် ကြီးကျယ်စွာ ပူဇော်ထား၏။

နိုင်ငံတော်က အသိအမှတ်ပြုထားသော ဗုဒ္ဓသာသ နာတွင် ပရိယတ္တိသာသနာ ပဋိပတ္တိသာသနာ ပဋိဝေဓသာ သနာဟူ၍ ၃ မျိုး ပါဝင်၏။ 

ထိုတွင် ပဋိဝေဓသာသနာဆိုသည်မှာ ပရိယတ္တိသာသနာ ပဋိပတ္တိသာသနာကြောင့် ရရှ်ိလာသည့် အကျိုးရလဒ်များ ဖြစ်သည်။ ဝိပဿနာဉာဏ်များ မဂ်ဉာဏ်များ ဖိုလ်ဉာဏ်များနှင့်တကွ နိဗ္ဗာန်ကို ပဋိဓဝဓသာသနာဟု ခေါ်၏။ 

ပဋိပတ္တိသာသနာဆိုသည်မှာ ပရိယတ္တိသာသနာအရ ဖြစ်သော ပိဋကသုံးပုံလာ ဒေသနာတော်များနှင့်အညီ ဟောပြော ချက်များအတိုင်း လိုက်နာကျင့်ကြံရသော အကျင့်မြတ်များ ဖြစ်သည်။ ဘုရားရှိခိုးခြင်း ဒါနပြုလုပ်ခြင်း သီလဆောက်တည်ခြင်း မေတ္တာပွားများခြင်း ဂုဏ် တော်ပွားခြင်း သမထကမ္မဋ္ဌာန်းအားထုတ်ခြင်း ဝိပဿနာကမ္မဋ္ဌာန်းအားထုတ်ခြင်း စသည်များကို ပဋိပတ္တိသာသနာဟု ခေါ်၏။ 

ပဋိပတ္တိသာသနာအရ အကျင့်မြတ်များကို ပြုလုပ်ကျင့်ကြံရာ၌  ပရိယတ္တိသာသနာအရ ဖြစ်သော ပိဋကသုံးပုံလာ ဒေသနာတော်များနှင့် ညီညွတ်သော အကျင့် ဖြစ်ဖို့ အလွန်အရေးကြီး၏။ 

ပရိယတ္တိသာသနာအရ ဖြစ်သော ပိဋကသုံးပုံလာ ဒေ သနာတော်များနှင့် ညီ ညွတ်သော အကျင့်သည် ဓမ္မ ဖြစ်၏။ ဓမ္မဝါဒ ဖြစ်၏။ 

 ပရိယတ္တိသာသနာအရ ဖြစ်သော ပိဋကသုံးပုံလာ ဒေသနာတော်များနှင့် မညီညွတ်သော အကျင့်သည်  အဓမ္မ ဖြစ်၏။ အဓမ္မဝါဒ ဖြစ်၏။ 

ဓမ္မအကျင့် ဓမ္မဝါဒအကျင့် ကျင့်သူသည်သာလျှင် ပဋိဓဝဓသာသနာဟု ခေါ်ဆိုရသော အစစ်အမှန်ဖြစ်သော  ဝိပဿနာဉာဏ်များကို ရရှိမည် ဖစ်၏။ အစစ်အမှန် ဖြစ်သော မဂ်ဉာဏ်များ ဖိုလ်ဉာဏ်များနှင့်တကွ နိဗ္ဗာန်ကို ရရှိမည် ဖြစ်၏။ 

အဓမ္မအကျင့်များ အဓမ္မဝါဒအကျင့်များ ကျင့်သူသည်ကား ပဋိဓဝဓသာသနာဟု ခေါ်ဆိုရသော အစ စ်အမှန်ဖြစ်သော  ဝိပဿနာဉာဏ်များကို မရရှိနိုင်‌။ အစစ်အမှန် ဖြစ်သော မဂ်ဉာဏ်များ ဖိုလ်ဉာဏ်များနှင့်တကွ နိဗ္ဗာန်ကို မရရှိနိုင်။

ပရိယတ္တိသာသနာဆိုသည်မှာ အဋ္ဌကထာများ ဋီကာများနှင့် တကွဖြစ်သော အလုံးစုံသော ပိဋကသုံးပုံ ပါဠိတော်များ ဒေသနာတော်များ ဖြစ်၏။ သာသနာတော် နှစ်‌‌ေပါင်း ၂၅၆၇ နှစ်အတွင်း သင်္ဂါယနာ ၆ ကြိမ် တင်ပြီး ဘုရားဟောတရားများဖြစ်ကြောင်း ဘုရားဟော တရားများနှင့် ညီညွတ်သောတရားများဖြစ် ကြောင်း အတည်ပြုထားသော ကျမ်းစာများကို ပရိယတ္တိသာသနာဟု ခေါ်၏။ 

ဤပရိယတ္တိသာသနာသည် နိုင်ငံတော်က အသိအမှတ် ပြုထားသည့် ဗုဒ္ဓဘာသာ သာသနာတော် ဖြစ်၏။ ပရိယတ္တိသာသနာ တည်တံ့ပြန့်ပွားထွန်း ကားရေးအတွက် ပရိယတ္တိစာသင်တိုက်များ တည် ထောင်ထားကြ၏။ ပရိယတ္တိစာမေးပွဲများ ကျင်းပ ‌ေနကြ၏။ ပရိယတ္တိတက္ကသိုလ်များ ဖွင့်လှစ်ထားကြ၏။ ပရိယတ္တိဆိုင်ရာ ဆောင်ရွက်သူများ များ ပြားစွာ တည် ရှိနေကြပါ၏။ အားရဖွယ်ပင် ဖြစ်၏။

အထက်တွင် တင်ပြထားသည့် ပဋိပတ္တိသာသနာကျင့် စဉ်ဆိုင်ရာများ၌ ပရိယတ္တိသာသနာအရ ဖြစ်သော ပိဋကသုံးပုံလာ ဒေ သနာတော်များနှင့် ညီ ညွတ်သော အကျင့်များကို ဟောပြပေးနေသည့် ရိပ်သာများ ရှ်ိကြ၏။ ဘုရားရှင်၏ ကိုယ်တွေ့တရားများကို နည်းယူ၍ ဟောပြောပြသ ကျင့်ပွားနေကြသည်ဟု ဆိုနိုင်၏။

ပရိယတ္တိသာသနာအရ ဖြစ်သော ပိဋကသုံးပုံလာ ဒေသနာတော်များနှင့် မညီညွတ်သော အကျင့်များကို ကိုယ်တွေ့တရားကျင့်နည်းဟု တွင်တွင်ပြော၍ တွင်တွင်ဟောနေသည့် ရိပ်သာများက ပိုများလာကြ၏။ ပရိသတ်များများရအောင် စည်းရုံး နေကြ၏။ သူတို့၏ စည်းရုံးမှုများအတိုင်း ပရိသတ်များ တိုးပွားလျက်ရှိနေကြ၏။ 

သူတို့၏ စည်းရုံးနည်းများတွင် သောတာပန် တီထွင် နည်းများ ရဟန္တာတီထွင်နည်းများသည် အဓိကအ ချက်များ ဖြစ်၏။ 

သူတို့နည်းအတိုင်း ကျင့်ခြင်းကြောင့် ရဟန္တာ ဖြစ် သည်။ ရဟန္တာ ဖြစ်သောနည်း ဖြစ်ခြင်းကြောင့် သူတို့နည်းသည် မှန်သည်ဟု မှတ်တိုင် ထူကြသေး၏။ သူတို့နည်းအတိုင်း ကျင့်ခြင်းကြောင့် သောတာပန် ဖြစ်သည်။ သောတာပန် ဖြစ်သောနည်း ဖြစ်ခြင်းကြောင့် သူတို့နည်းသည် မှန်သည်ဟု မှတ်တိုင် ထူကြသေး၏။ 

သို့သော် သူတို့ပြောသည့် သောတာပန်များသည် ဘုရားဟော တရားတော်များ၌ လာရှိသော သောတာပန်များ မဟုတ်ချေ။ ဘုရားဟော တရားတော်များ၌ လာရှိသော သောတာပန် အရည်အသွေးများမှ ကင်းဝေးကြ၏။ တခြားစီသာလျှင် ဖြစ်၏။ 

သူတို့ပြောသည့် ရဟန္တာများသည် ဘုရားဟော တရားတော်များ၌ လာရှိသော ရဟန္တာများ မဟုတ်ချေ။ ဘုရားဟော တရားတော်များ၌ လာရှိသော ရဟန္တာအရည်အသွေးများမှ ကင်းဝေးကြ၏။ တခြားစီသာလျှင် ဖြစ်၏။ 

ရဟန္တာဖြစ်လျှင် ရဟန်းဆိုပါက သေပြီးချိန် အလောင်းကောင်မှ ဓာတ်တော် ကျ၏ လက်ခြေ များ ပြော့ပြောင်း‌ေန၏ မပုပ်မသိုးဟု စန်းတင်ကြ၏။ သက်သေပြကြ၏။ 

လူဆိုလျှင် လက်ခြေများ ပြော့ပြောင်း‌ေန၏ မပုပ်မသိုးဟု စန်းတင်ကြ၏။ သက် သေပြကြ၏။ 

သူတို့၏ သက်သေပြနည်းသည် ဘုရားဟော တရားတော်များနှင့် မညီညွတ်ပေ။ ဘုရားဟော တရားတော်များ၌ ရဟန္တာ ပရိနိဗ္ဗာန် စံပြီးချိန်တွင်  အ လောင်းကောင်မှ ဓာတ်တော် ကျ၏ လက်ခြေများ ပြော့ပြောင်း‌ေန၏ မပုပ်မသိုးဟူ၍ တိတိပပ မရှိချေ။ (မိမိ ဖတ်ဖူးသမျှတွင် မတွေ့ဖူး၍ မရှ်ိဟု ဆိုပါသည်။ ရှိလျှင် ကျမ်းညွှန်း စာပိုဒ် ပြပေးစေချင်ပါ သည်။) 

ထို့ကြောင့် ရဟန္တာ ပရိနိဗ္ဗာန် စံပြီးချိန်တွင်  အ လောင်းကောင်မှ ဓာတ်တော် ကျ၏ လက်ခြေများ ပြော့ပြောင်း‌ေန၏ မပုပ်မသိုးဟူသော သက်သေပြ နည်းသည် နည်းမှန်မဟုတ်ပေ။ တီထွင်လုံးသာ ဖြစ်၏။ လိမ်လိမ်မှုသာ ဖြစ်၏။ 

တကယ်ကျင့်နေသည့် အကျင့်များမှာ ပရိယတ္တိသာသနာအရ ဖြစ်သော ပိဋကသုံးပုံလာ ဒေသနာတော်များနှင့် မညီညွတ်သော အကျင့်များ ဖြစ်နေကြ၏။ အဓမ္မအကျင့်များ ဖြစ်နေကြ၏။ အဓမ္မဝါဒများ ဖြစ်နေကြ၏။ 

အဓမ္မဝါဒများအတိုင်း ကျင့်‌ေနခြင်းကြောင့် ဘုရားဟော တရားတော်များအရ ယူရသော ဘုရားတပည့် ရဟန္တာဟူ၍ မရှိချေ။ 

အဓမ္မဝါဒများအတိုင်း ကျင့်နေခြင်းကြောင့် ဘုရားဟော တရားတော်များအရ ယူရသော ဘုရားတပည့် သောတာပန်ဟူ၍ မရှိချေ။ 

အဓမ္မဝါဒများအတိုင်း ကျင့်နေခြင်းကြောင့် ဘုရားဟော တရားတော်များအရ ယူရသော ဘုရားတပည့်အရိယာဟူ၍ မရှိချေ။ 

အမှန်အားဖြင့် အဓမ္မဝါဒများအတိုင်း ကျင့်နေသူ များ၌ အဋ္ဌကထာများ ဋီကာများနှင့် တကွဖြစ်သော အလုံးစုံသော ပိဋကသုံးပုံ ပါဠိတော်များ ဒေသနာတော်များဟု ဆိုအပ်သော ပရိယတ္တိသာသနာသည် ကွယ်နေ၏။ ထိုသို့ပရိယတ္တိသာသနာကွယ်သောနေရာ၌ ပရိယတ္တိသာသနာအတု ဖြစ်သည့် အဓမ္မဝါဒများ ဟောပြောချက်များ စာအုပ်စာပေများ ထွန်းကား နေကြ၏။ 

ပရိယတ္တိသာသနာအရ ဖြစ်သော ပိဋကသုံးပုံလာ ဒေသနာတော်များနှင့်အညီ ဟောပြောချက်များအတိုင်း လိုက်နာကျင့်ကြံရသော အကျင့်မြတ်များဟု ဆိုအပ်သော ပဋိပတ္တိသာသနာသည် ကွယ်နေ၏။ ထိုသို့ပဋိပတ္တိသာသနာကွယ်သောနေရာ၌ ပဋိပတ္တိသာသနာအတု ဖြစ်သည့် အဓမ္မဝါဒများ အကျင့်မှားများ ထွန်းကားနေကြ၏။ 

ပရိယတ္တိသာသနာ ပဋိပတ္တိသာသနာကြောင့် ရရှ်ိလာသည့် အကျိုးရလဒ်များ ဖြစ်သည့် ဝိပဿနာဉာဏ်များ မဂ်ဉာဏ်များ ဖိုလ်ဉာဏ်များနှင့်တကွ နိဗ္ဗာန်ဟု ဆိုအပ်သော ပဋိဓဝဓသာသနာသည် ကွယ်နေ၏။ 

ထိုသို့ပဋိ‌ေဝဓသာသနာကွယ်သောနေရာ၌ ပဋိ‌ေဝဓသာသနာအတု ဖြစ်သည့် အဓမ္မဝါဒများ ဝိပဿနာဉာဏ်အတုများ မဂ်ဉာဏ်အတုများ ဖိုလ်ဉာဏ်အတု များ နိဗ္ဗာန်အတုများ ထွန်းကားနေကြ၏။ 

အထက်ပါအတိုင်း အဓမ္မအကျင့်များ အဓမ္မဝါဒများ ပြန့်ပွားလာကြသည်ကို တားဆီးနိုင်ရန်မှာ နိုင်ငံ တော်၏ တာဝန်ဝတ္တရားများပင် ဖြစ်၏။ အဘယ့်ကြောင့် ဆိုသော် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် သင်္ဂါယနာ ၆ တန် တင်ပြီး အတည်ပြုထားသည့် ပိဋကသုံးပုံလာ တရားတော်များနှင့် ညီညွတ်သော ဗုဒ္ဓ ဘာသာကိုသာလျှင် ကိုးကွယ်ရာ ဘာသာသာသနာအဖြစ်  အသိအမှတ်ပြုထာခြင်းကြောင့် ဖြစ်၏။ 

ပရိယတ္တိသာသနာ အစစ်အမှန်ကို ကွယ်ပျောက်ပျက်စီးစေသော အဓမ္မဝါဒများကိုလည်းကောင်း၊ ပဋိပတ္တိသာသနာ အစစ်အမှန်ကို ကွယ်ပျောက်ပျက်စီးစေသော အဓမ္မဝါဒများကိုလည်းကောင်း ပဋိ‌ေဝဓသာသနာ အစစ်အမှန်ကို ကွယ်ပျောက်ပျက်စီးစေသော အဓမ္မဝါဒများကိုလည်းကောင်း ဖော်ထုတ်ဖယ်ရှားတားမြစ်ပိတ်ပင်ရေးသည် အ စစ်အမှန် ဖြစ်သော သာသနာ သုံးရပ်ကို သန့်ရှင်း တည် တံ့ ပြန့်ပွား ထွန်းကားစေခြင်း ဖြစ်၏။ အလွန်ကြီး မြတ်သော သာသနာပြု ကောင်းမှုကြီး ဖြစ်၏။  

ဓမ္မစက် အာဏာစက်ဟု ခေါ်ဆိုသည့် ဥပဒေများ လုပ်ထုံးလုပ်နည်းများကို လက်ကိုင်ပြလျက် အ သုံးပြုနိုင်သည့် နိုင်ငံတော်ကသာလျှင် ပြုလုပ်နိုင်စွမ်းသော သာသနာပြုနည်းကြီး ဖြစ်၏။ 


အောင်မြိုင် - မစိုးရိမ်စာသင်သား

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)