၂၀၂၄ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ အဋ္ဌမနေ့တွင် အုပ်စု(စီ)မှ ကျောက်စိမ်းအတွဲပေါင်း ၇၃၅ တွဲ ရောင်းချနိုင်ခဲ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၄ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ အဋ္ဌမနေ့တွင် အုပ်စု(စီ)မှ ကျောက်စိမ်းအတွဲပေါင်း ၇၃၅ တွဲ ရောင်းချနိုင်ခဲ့


နေပြည်တော်၊ နိုဝင်ဘာ ၂၆

၂၀၂၄ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ အဋ္ဌမနေ့ (၂၅-၁၁-၂၀၂၄) ရက်နေ့က နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ နံနက်ပိုင်းမှစတင်၍ ပြည်တွင်းရတနာကုန်သည်များသည် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ပြည်တွင်းရတနာကုန်သည်များသာ ဝယ်ယူခွင့်ရှိသည့် အုပ်စု(စီ)မှ ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။

ယနေ့ပြပွဲတွင် အုပ်စု(စီ)မှ ကျောက်စိမ်းအတွဲအမှတ် ၂၅၆၀ မှ ၃၃၀၉ အထိ ကျောက်စိမ်းအတွဲ ပေါင်း ၇၅၀ ကို ပြည်တွင်းရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးရာ ကျောက်စိမ်း အတွဲပေါင်း ၇၃၅ တွဲ ရောင်းချခဲ့ရကြောင်း ထုတ်ပြန် ကြေညာသည်။

ညနေပိုင်းတွင် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီနာယက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ပြပွဲကျင်းပရာ မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း ပြည်တွင်းရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးလျက်ရှိသည့် အုပ်စု(စီ)မှ ကျောက်စိမ်းအတွဲများအတွက် ဈေးနှုန်းတင်သွင်းလွှာများ ဖွင့်ဖောက်စစ်ဆေးနေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။

ပြပွဲနဝမနေ့တွင်ရောင်းချမည့် အုပ်စု(စီ)မှ ကျောက်စိမ်းအတွဲအမှတ် ၃၃၁၀ မှ အတွဲအမှတ် ၄၀၅၉ အထိ ကျောက်စိမ်းအတွဲပေါင်း ၇၅၀ ကို ပြည်တွင်းရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းတင်သွင်းလွှာများကို သက်ဆိုင်ရာတင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။ အဆိုပါ ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက ညနေပိုင်းတွင် ဖွင့်ဖောက်စစ်ဆေးကာ ရောင်းချရသည့် ကျောက်စိမ်းအတွဲများစာရင်းကို ယနေ့ နိုဝင်ဘာ ၂၆ ရက် နံနက်ပိုင်းတွင် ကြေညာသွားမည်ဖြစ်သည်။

ပြပွဲတွင် အုပ်စု(အေ၊ ဘီ နှင့် စီ)တို့မှ ကျောက်စိမ်း အတွဲပေါင်း ၄၈၀၀ ကို နေ့ရက်အလိုက် ပြည်တွင်း ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ အုပ်စု(အေနှင့်ဘီ)တို့မှ ကျောက်စိမ်းအတွဲပေါင်း ၂၅၅၉ အနက်မှ ကျောက်စိမ်းအတွဲပေါင်း ၁၈၂၃ တွဲကို ပြည်တွင်း ပြည်ပ ရတနာကုန်သည်များကိုလည်းကောင်း၊ အုပ်စု (စီ) မှ ကျောက်စိမ်းအတွဲအမှတ် ၂၅၆၀ မှ အတွဲအမှတ် ၃၃၀၉ အတွဲအထိ ကျောက်စိမ်းအတွဲပေါင်း ၇၅၀ အနက်မှ ၇၃၅ တွဲကို ပြည်တွင်းရတနာကုန်သည်များကိုလည်းကောင်း အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချနိုင်ခဲ့သည်။

အလားတူ အုပ်စု(စီ)မှ ကျန်ရှိနေသည့် ကျောက်စိမ်းအတွဲများကို နိုဝင်ဘာ ၂၇ ရက်အထိ ပြည်တွင်းရတနာ ကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆက်လက်ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။    


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)