မှော်ဘီမြို့နယ်၌ ရာသီဥတုပြောင်းလဲမှု၊သဘာဝ ဘေးအန္တရာယ်နှင့်မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မှော်ဘီမြို့နယ်၌ ရာသီဥတုပြောင်းလဲမှု၊သဘာဝ ဘေးအန္တရာယ်နှင့်မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲကျင်းပ

 




မှော်ဘီ       ၊  နိုဝင်ဘာ      ၂၂


ရန်ကုန်တိုင်းဒေသကြီး၊မှော်ဘီမြို့နယ်၊သစ်တောဦးစီးဌာနမှကြီးမှူး၍ အခြေခံပညာဦးစီးဌာနနှင့်ပူး ပေါင်းပြုလုပ်သော  ရာသီဥတုပြောင်းလဲမှု၊သဘာဝ ဘေးအန္တရာယ်နှင့်မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ မြို့နယ်အဆင့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀နာရီကအမှတ်(၁)အခြေခံပညာအထက် တန်းကျောင်း၊ ပညာရတနာခန်းမ၌ ပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်သစ်တောဦးစီးအရာရှိ ဦးသန့်စင်ကျော်ကမီးခိုးမြူငွေ့နှင့်လေထုညစ်ညမ်းမှု ဖြစ်ပေါ်ရသည့်အကြောင်းအရင်းများ၊ဆိုးကျိုးများနှင့်ဖြစ်ပေါ်လာစေနိုင်သောရောဂါများ၊လူသားများ နှင့်ပတ်ဝန်းကျင်အပေါ်အကျိုးသက်ရောက်မှုနှင့်ရာသီဥတုပြောင်းလဲမှု လျော့နည်းစေရေး၊သဘာဝ ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာသိ ကောင်းစရာများကိုဆွေးနွေးဟောပြောခဲ့ပြီး ကျောင်းသား၊ကျောင်းသူများကသိရှိလိုသည့်မေး မြန်းချက်များအပေါ်ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်သစ် တောဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊အ.ထ.က(၁) ကျောင်းမှ ကျောင်းအုပ်ကြီးနှင့်ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူစုစုပေါင်း(၁၃၀)ဦး တက်ရောက်ခဲ့ ကြောင်းသိရသည်။


ဝင်းဇော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)