တပ်ကုန်း ၊ နိုဝင်ဘာ ၂၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် အနော်ရထာရပ်ကွက်တွင် ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေကြီးနစ်မြုပ်ခံခဲ့ရသည့် ဆိတ်မွေးတောင်သူများအား ဆိတ်များထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါရပ်ကွက်၊ ဆိတ်မွေးတောင်သူများထံ ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါထောက်ပံ့ပေးအပ်ရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတိုးမင်းထွန်း၊ ဥတ္တရခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဇော်ဝင်းထွန်း၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဌေးထိုက်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်မြင့်မိုးနှင့် မြို့နယ်အဆင့်တာဝန်ရှိသူများ၊ အနော်ရထာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်တို့က အနော်ရထာရပ်ကွက်အတွင်း ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေကြီးနစ်မြုပ်ခံခဲ့ရပြီး ရေနစ်သေဆုံးသွားသော ဆိတ် ၄၂၅ ကောင်အစား နိုင်ငံတော်မှထောက်ပံ့ပေးအပ်သော အနော်ရထာရပ်ကွက်အတွင်းမှ ဆိတ်မွေးတောင်သူ ၁၁ ဦးအတွက် လက်ဝယ်အရောက် ဆိတ် အထီး၊ မ စုစုပေါင်း ၃၃၃ ကောင်အား ထောက်ပံ့ပေးအပ်ခဲ့ပြီး ထောက်ပံ့ပေးအပ်ရန်ကျန်ရှိသည့် ဆိတ် ၉၂ ကောင်အား ဒုတိယအကြိမ် ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။
တင်စိုးလွင်
https://t.me/MyanmarNationalPost
No comments:
Post a Comment