ဆီဆိုင် ၊ နိုဝင်ဘာ ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရန်၊ ဘက်စုံထူးချွန်သော လူရည်ချွန်၊ လူတော်လူကောင်းများဖြစ်လာစေရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတများကြွယ်ဝစေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက ပင်စုံကျေးရွာအုပ်စု၊ ထီတမောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဆီဆိုင်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးကြီးဒဲရယ်က လူငယ်နှင့်ရည်မှန်းချက်၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးဇော်ထွန်းက လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးဇော်ထွန်းက ကျောင်းသား၊ ကျောင်းသူများအတွက် အားကစားပစ္စည်းထောက်ပံ့ပေးအပ်ခြင်းနှင့် အားကစား အသိပညာပေးလက်ကမ်းစာစောင်တို့ကို ဖြန့်ဝေပေးခဲ့သည်။ အလားတူ မွန်းလွဲ ၁ နာရီအချိန်တွင် ပင်စုံကျေးရွာအုပ်စု၊ နန်းဩကျေးရွာ အခြေခံပညာအလက်တန်းကျောင်း၌လည်း အဆိုပါလူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment