တပ်ကုန်းမြို့၌ လူကုန်ကူးမှုအန္တရာယ်အသိပညာပေးဟောပြောပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်ကုန်းမြို့၌ လူကုန်ကူးမှုအန္တရာယ်အသိပညာပေးဟောပြောပွဲ ကျင်းပ




တပ်ကုန်း ၊နိုဝင်ဘာ ၂၇


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် ဆရာစံရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ လူကုန်ကူးမှုအန္တရာယ်များ ပိုမိုသိရှိစေရန် ရည်ရွယ်ပြီး အမှတ်(၃) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ်မှ ဦးဆောင်၍ လူကုန်ကူးမှုအန္တရာယ်အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက အဆိုပါကျောင်း စာသင်ဆောင်တွင် ကျင်းပခဲ့သည်။


အဆိုပါ ဟောပြောပွဲတွင် အမှတ်(၃) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ်မှ ရဲအုပ်ဝေဖြိုးဦးက လူကုန်ကူးမှုနှင့်လူမှောင်ခိုမှုနှင့် ကွဲပြားခြားနားချက်များ၊ ရွှေ့ပြောင်းသွားအလုပ်လုပ်ကိုင်ရာမှ ကြုံတွေ့နိုင်မည့်အခက်အခဲများ၊ ရှောင်းရန်၊ ဆောင်ရန်အချက်များ၊ အရှေ့တောင်အာရှဒေသအတွင်း လတ်တလောဖြစ်ပွားနေသည့် Online မှ လူကုန်ကူးမှုကျူးလွန်ပုံ၊ ကျူးလွန်နည်းနှင့် ဆက်သွယ်ဆောင်ရွက်နေမှုများ၊ လူကုန်ကူးမှုဖြစ်စဉ်များနှင့် ပြစ်မှုပြစ်ဒဏ်များ၊ လူကုန်ကူးသူ လူပွဲစားများ၏ စည်းရုံးပုံများ ရှင်းလင်းဟောပြောခဲ့ပြီး၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရပြီး၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ ၂၇၀ ဦး တက်ရောက်ခဲ့ကြောင်း  သိရသည်။


တင်စိုးလွင်

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)