နေပြည်တော်၊ နိုဝင်ဘာ ၁
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ အောက်တိုဘာလ ၂၉ ရက်နေ့ ၁၅၄၅ အချိန် လွိုင်လင်မြို့နယ်၊ ဟိုတင့်ကျေးရွာအနီး၊ လွိုင်လင် - တောင်ကြီးသွားကားလမ်းတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် စိုင်းဝမ်းဆိုင် မောင်းနှင်ပြီး မောင်မောင်လှ၊ ငြိမ်းခိုင်၊ စိုင်းထွန်းခေါင် နှင့် မချယ်ရီ တို့လိုက်ပါလာသည့် TOYOTA CROWN အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းတို့ထံမှ အိုက်စ်(မက်သ်အဖက်တမင်း)အလေးချိန် ၆ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၈၄၀)နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
စိုင်းဝမ်းဆိုင်(၂၁)နှစ်၊ မောင်မောင်လှ(၄၃)နှစ်၊ ငြိမ်းခိုင်(၂၉)နှစ်၊ စိုင်းထွန်းခေါင်(၃၅)နှစ် နှင့် မချယ်ရီ(၃၀)နှစ်တို့အား လွိုင်လင်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment