လယ်ဝေး၊ နိုဝင်ဘာ ၄
စိုက်ပျိုးရေးဦးစီးဌာန၊ သကြားထွက်သီးနှံဌာနခွဲမှ ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်တွင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ ၂၀၂၂ စီမံကိန်းဖြင့်ဆောင်ရွက်သည့် ကြံသီးနှံစိုက်ပျိုးထုတ်လုပ်မှုနည်းပညာဆွေးနွေးပွဲနှင့် ကြံစိုက်ပျိုးမှုသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ်၊ အေလာကျေးရွာ တောင်သူဒေါ်သန်းဌေး၏ ကြံစိုက်ဧက ၃ ဧက၌ ကျင်းပသည်။
ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ထွန်းမြင့်က အဖွင့်အမှာစကား ပြောကြားပြီး သကြားထွက်သီးနှံဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်ခင်မြင့်ကြွယ် ကစိုက်ပျိုးရေး ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေး၊ ကြံသီးနှံစိုက်ပျိုးနည်းစနစ်များနှင့် ကြံသီးနှံအထွက်တိုးနည်းပညာများကို ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ တာဝန်ရှိသူများက တက်ရောက်လာသည့် တောင်သူ (၅၅) ဦးအား ကြံသီးနှံစိုက်ပျိုးရေး အထောက်အကူပြုပစ္စည်းများဖြစ်သည့် ဆေးဖျန်းပုံး၊ မြေချဉ်ငန်တိုင်းကိရိယာ၊ ကြံအချိုဓာတ်တိုင်းကိရိယာ၊ ကြံခုတ်ဓား၊ တောစီးဖိနပ်နှင့် ပေါက်ပြားတို့ကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝေကြည်
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment