အာဆီယံကိုင်ရိုကော်မတီ၏ (၂၇၄) ကြိမ်မြောက် အစည်းအဝေးသို့ မြန်မာသံအမတ်ကြီး တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အာဆီယံကိုင်ရိုကော်မတီ၏ (၂၇၄) ကြိမ်မြောက် အစည်းအဝေးသို့ မြန်မာသံအမတ်ကြီး တက်ရောက်

 



ကိုင်ရို၊ နိုဝင်ဘာ ၅

 အာဆီယံကိုင်ရိုကော်မတီ (ASEAN CAIRO COMMITTEE - ACC) ၏ (၂၇၄) ကြိမ်မြောက် သံရုံးအကြီးအကဲများ၏ အစည်းအဝေးကို ၃၁-၁၀-၂၀၂၄ ရက်က ကိုင်ရိုမြို့ရှိ St. Regis Hotel ၌ ကျင်းပခဲ့ရာ၊ အဆိုပါ အစည်းအဝေးသို့ မြန်မာသံအမတ်ကြီး ဦးကျော်တင်ရှိန်သည် အခြားသော အာဆီယံ သံရုံးအကြီးအကဲများနှင့်အတူ ပါဝင်တက်ရောက်ခဲ့သည်။

 အဆိုပါအစည်းအဝေးတွင် အာဆီယံကိုင်ရိုကော်မတီ၏ အလှည့်ကျဥက္ကဌဖြစ်သော စင်ကာပူ သံအမတ်ကြီးမှ အစည်းအဝေးသဘာပတိအဖြစ်ဆောင်ရွက်၍ ၂၀၂၄ ခုနှစ်အတွင်း အာဆီယံ ကိုင်ရိုကော်မတီ၏ လှုပ်ရှားဆောင်ရွက်ခဲ့သည့် အစီအစဉ်များ၊ ဆက်လက် ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ အာဆီယံနိုင်ငံများနှင့် အိမ်ရှင်နိုင်ငံတို့အကြား ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်နိုင်မည့် နည်းလမ်းများ စသည်တို့ကို ဆွေးနွေးခဲ့ကြသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)