ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်





စစ်တွေ ၊ နိုဝင်ဘာ ၅


ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ စုပေါင်းမဟာဘုံကထိန်အလှူတော် မင်္ဂလာအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီနှင့်လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။


အခမ်းအနားတွင် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနား ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများစုပေါင်းပြီး စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားကို  နှစ်စဉ်နှစ်တိုင်းကျင်းပလေ့ရှိကြောင်း၊ ယခင်နှစ်က စုပေါင်းမဟာဘုံကထိန်အလှူတော် မင်္ဂလာအခမ်းအနားကို လောကာနန္ဒာစေတီတော်မြတ်ကြီး၊ သာသနာ့ဗိမာန်တွင် စစ်တွေမြို့ပေါ်ရှိ ထေရ်ကြီး၊ ဝါကြီး ဆရာတော်ကြီး (၉)ပါးကို ပင့်ဖိတ်ပြီး ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ အအေးဆက်ကပ်ခြင်းများပြုလုပ်ခဲ့ပြီး စစ်တွေမြို့ပေါ်ရှိ ကထိန်မရသည့်  ဘုန်းတော်ကြီးကျောင်း(၃၉) ကျောင်းသို့ ဌာနဆိုင်ရာများမှ သတ်မှတ်ထားသည့် ဘုန်းတော်ကြီးကျောင်းများအလိုက် ကထိန်လျာသင်္ကန်းနှင့် ပဒေသာပင်များ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း၊ ယခုနှစ်တွင်လည်း စစ်တွေမြို့ပေါ်ရှိ သံဃဝန်ဆောင် ဆရာတော်များ၊ ဩဝါဒါစရိယဆရာတော်များ၊ ထေရ်ကြီးဝါကြီး ဆရာတော်ကြီး(၉)ပါးကို ပင့်ဖိတ်ပြီး (တန်ဆောင်မုန်းလပြည့်နေ့)တွင် လောကာနန္ဒာစေတီတော်မြတ်ကြီး၊ သာသနာ့ဗိမာန်အတွင်း ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားဖြစ်သည့်အတွက် ဌာနဆိုင်ရာများအနေဖြင့် စုပေါင်းပြီး ကထိန်လျာသင်္ကန်းနှင့် ပဒေသာပင်များ ပါဝင်လှူဒါန်းနိုင်ရန်၊ ယခုပြုလုပ်မည့် စုပေါင်း မဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကျင်းပရေးဦးစီးကော်မတီနှင့်လုပ်ငန်းကော်မတီများကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ အစည်းအဝေးသို့ တက်ရောက်လာကြသည့်ကော်မတီဝင်များအနေဖြင့်လည်း အခမ်းအနားအောင်မြင်စွာ ပြီးမြောက်နိုင်ရေးအတွက် လုပ်ငန်းအလိုက်လိုအပ်ချက်များကို ဦးစီးကော်မတီသို့  အချိန်မီတင်ပြပေးကြရန်နှင့် ဦးစီးကော်မတီအနေဖြင့် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း ပြောကြားသည်။


ဆက်လက်ပြီး စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနား ကျင်းပရေးဦးစီးကော်မတီ အတွင်းရေးမှူး၊ လှုမှုရေးရာဝန်ကြီး ဦးသက်ထွန်းက အခမ်းအနားကျင်းပမည့်ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြသည်။


ထို့နောက် စုပေါင်းမဟာဘုံကထိန်အလှူတော် မင်္ဂလာအခမ်းအနား အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် လုပ်ငန်းကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက မိမိတို့ကော်မတီအလိုက် ဆောင်ရွက်ရမည့် အစီအမံများ၊ ယခင်နှစ်ဆောင်ရွက်ခဲ့မှုများကို ဆွေးနွေးတင်ပြကြသည်။ ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။


ဝင်းမင်းစိုး၊ တင်ထွန်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)