ရွှေတောင် မြို့နယ်တွင် ၂၀၂၄- ၂၀၂၅ခုနှစ်၊ ကျောင်းသားများပါဝင်ဆောင်ရွက်မှုတိုးမြှင့်စေရန် အစပျိုးလှုပ်ရှားမှု "Student Participation Initaitive (SPI)" ( မြို့နယ်အဆင့်) ဆွေးနွေးပွဲ သင်တန်းကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွှေတောင် မြို့နယ်တွင် ၂၀၂၄- ၂၀၂၅ခုနှစ်၊ ကျောင်းသားများပါဝင်ဆောင်ရွက်မှုတိုးမြှင့်စေရန် အစပျိုးလှုပ်ရှားမှု "Student Participation Initaitive (SPI)" ( မြို့နယ်အဆင့်) ဆွေးနွေးပွဲ သင်တန်းကျင်းပ



ရွှေတောင် ၊  နိုဝင်ဘာ-၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး ၊မွေးမြူရေး အထက်တန်းကျောင်း ၊ရတနာခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ၂၀၂၄- ၂၀၂၅ခုနှစ်၊ ကျောင်းသားများပါဝင်ဆောင်ရွက်မှုတိုးမြှင့်စေရန် အစပျိုးလှုပ်ရှားမှု  "Student Participation Initaitive (SPI)" အကောင်ထည်ဖော်ဆောင်ရွက်မှုများ( မြို့နယ်အဆင့်)  ဆွေးနွေးပွဲ သင်တန်းကျင်းပခဲ့သည်။

         အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဆရာကြီးဦးကျော်ဦးမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သတ်၍ အဖွင့်အမှာစကားပြောကြား သည်။အဆိုပါ သင်တန်းအား သင်တန်းနည်းပြ (၂) ဦး ၊ပညာရေးရုံးအဖွဲ့( ၂) ဦးတို့ဖြင့် အခြေခံပညာ အထက်တန်းနှင့် အခြေခံပညာ မူလတန်းလွန်ကျောင်း ကျောင်းအုပ်ဆရာကြီး ၊ဆရာမကြီး (၄၇) ဦးသင်တန်းတက်ရောက်ခဲ့ကြပြီး သင်တန်းကာလ (၄-၁၁ - ၂၀၂၄) မှ( ၆-၁၁ - ၂၀၂၄) ရက်နေ့ထိ        (၃) ရက် ဆွေးနွေး ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)