မြန်မာအီလက်ထရွန်နစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ်သင်တန်း အမှတ်စဉ် (၈/၂၀၂၄) သင်တန်းဖွင့် - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာအီလက်ထရွန်နစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ်သင်တန်း အမှတ်စဉ် (၈/၂၀၂၄) သင်တန်းဖွင့်


နေပြည်တော်၊ နိုဝင်ဘာ ၅

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မြန်မာအီလက်ထရွန်နစ်မဲပေးစက်(MEVM)ဖြင့် ဆန္ဒမဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ မဲပေးစက် အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ်သင်တန်းအမှတ် စဉ်(၈/၂၀၂၄)သင်တန်းဖွင့်ပွဲကို ယမန်နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ရုံး၊ တိုးချဲ့ရုံးအဆောက်အအုံ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေဖြင့် ရွေးကောက်ပွဲ ကျင်းပ ပြုလုပ်နိုင်ရေးအတွက် ကြိုတင ပြင်ဆင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အဆင်သင့်ဖြစ်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ မဲစာရင်းများပြုစုရာတွင် ဥပဒေနှင့်အညီ ဖြစ်စေရေး၊ မဲစာရင်းများ မှန်ကန်ရေးနှင့် လူတစ်ဦးတည်း နှစ်ကြိမ်ထပ်၊ သုံးကြိမ်ထပ်နေမှုများ မဖြစ်စေရေးအတွက် Admin DEO Software နှင့် CVLMS Software များ ရေးဆွဲပြုစုလျက်ရှိကြောင်း၊ ယခုသင်တန်းသည် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲအတွက် မဲပေးစက် MEVM စက်အသုံးပြုနိုင်ရေး စီစဉ်ဆောင်ရွက်သည့် သင်တန်းဖြစ်ကြောင်း ပြောကြားသည်။

သင်တန်းတွင် မြန်မာအီလက်ထရွန်နစ် မဲပေးစက်(MEVM) တည်ဆောက်ပုံနည်းလမ်းများ၊ စက်တပ်ဆင်ပုံ၊ စမ်းသပ်မဲပေးပုံ၊ ဖြန့်ခွဲပုံ၊ ရွေးကောက်ပွဲနေ့တွင် မဲရုံ၌မဲပေးစက် တပ်ဆင်ခင်းကျင်းပုံ၊ မဲရလဒ်ရေတွက်ပုံ၊ နည်းဥပဒေပါအတိုင်း မဲရလဒ်စာရင်းပြုစုပုံ၊ မဲပေးစက်ကို ပြန်လည်ထုပ်ပိုး သိမ်းဆည်းပုံ တို့ကို လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ သင်ကြားပြသပေးမည်ဖြစ်သည်။

သင်တန်းဖွင့်ပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တာဝန်ခံ ဦးအောင်မိုးမြင့်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တာဝန်ခံ ဦးခင်မောင်ဦး၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး တာဝန်ရှိသူများနှင့် ကယားပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရခိုင် ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများမှ သင်တန်းသား ၂၄ ဦး တက်ရောက်ကြပြီး သင်တန်းကို နိုဝင်ဘာ ၄ ရက်မှ ၆ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။ 


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)