ရန်ကုန်တိုင်းဒေသကြီးတန်ဆောင်တိုင်ဈေးရောင်းပွဲတော်၌ရေထွက်ပစ္စည်းအရောင်းပြခန်းသို့လာရောက်လေ့လာသူများပြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီးတန်ဆောင်တိုင်ဈေးရောင်းပွဲတော်၌ရေထွက်ပစ္စည်းအရောင်းပြခန်းသို့လာရောက်လေ့လာသူများပြား





 ရန်ကုန်  ၊နိုဝင်ဘာ ၁၆


 ရန်ကုန်တိုင်းဒေသကြီး တန်ဆောင်တိုင်ဈေးရောင်းပွဲတော် နှင့် ဂီတပွဲတော်ကို နိုဝင်ဘာ ၁၄ ရက်မှ၁၆ ရက်နေ့အထိရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့နယ်ပြည်သူ့ရင်ပြင်၌ကျင်းပရာ ရေထွက်ပစ္စည်းအရောင်းပြခန်းသို့လာရောက်လေ့လာသူများပြားကြောင်းနှင့် ပျော်ရွှင်ဖွယ်ဆင်စီးသူများနှင့်ပွဲတော်ရက်အတွင်းအထူးစည်ကားလျက်ရှိကြောင်းသိရသည်။


 "ကျွန်မတို့ရေထွက်ပစ္စည်းအရောင်းပြခန်မှာဆိုရင်အများပြည်သူတွေကျောင်းသားကျောင်းသူလူငယ်တွေအတွက် ဗဟုသုတရစေမယ့်အပြင် ငါးမွေးမြူရေး အတွက် အထောက်အကူ ရစေမည့် အကြောင်း အရာတွေကိုပြသသထားပါတယ်။ ပြသထား တဲ့နေရာမှာဆိုရင်စပါးခွံကနေလျှပ်စစ်ထုတ်တာတွေ၊ခေတ်မှီငါးမွေးမြူထုတ်လုပ်ရေးနှင့်လူမှုစီးပွားတိုးတက်ရေးပြခန်း၊လယ်ယာထွက်ကုန်ဘေးထွက်ပစ္စည်းများဖြင့်ငါးမွေးမြူထုတ်လုပ်ခြင်း၊ငါးအစာတောင့်ထုတ်လုပ်ခြင်း၊ပဲဖက်၊ဖွဲနု၊ပီလောပီနံမှုန်၊ပဲပုတ်၊နေကြာတို့မှ ဓါတုဗေဒကင်းစင် သည့် ငါးစားထုတ်လုပ်ပုံ တွေကိုပြသထားတာဖြစ်ပါတယ်"ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၊အကြီးတန်းဒုတိယဥက္ကဌ ဒေါက်တာတိုးနန္ဒာတင်ကပြောသည်။


 အဆိုပါ ဈေးရောင်းပွဲတော်တွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စက်မှုဇုန်များ၊ MSMEလုပ်ငန်းရှင်များ၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊တိုင်းဒေသကြီးနှင့်ပြည်နယ်များမှထုတ်ကုန်ပစ္စည်းများရောင်းချသည့်ဆိုင်ခန်းများ၊ကျောင်းသားလူငယ်များစာဖတ်ရှိန်မြင့်မားစေရေးအတွက်စာအုပ်အရောင်းဆိုင်များနှင့်စားသောက်ဆိုင်ခန်းများအပါအဝင်ဆိုင်ခန်းပေါင်း(၄၈၉)ခန်းပါဝင်ပြသရောင်းချလျက်ရှိကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)