တာမွေမြို့နယ်တွင် (၃၄)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်တွင် (၃၄)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော်ကျင်းပ





တာမွေ    ၊  နိုဝင်ဘာ     ၁၆

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် ဗျိုင်းရေအိုးစင်(ရွာမ)ရပ်ကွက်လုံးဆိုင်ရာ              “ ဧ ” ဓမ္မာရုံစောင့်ရှောက်ရေးနှင့် ရဟန်းခံရှင်ပြုအဖွဲ့မှ ကြီးမှူးကျင်းပသည့် (၃၄)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ပွဲတော် အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းအချိန်က အဆိုပါဓမ္မာရုံ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ကြွရောက်လာကြသည့် ဘုရားအမှူးပြုသော  ပင့်သံဃာတော် အရှင်သူမြတ်များ၊ ဓမ္မာရုံမှ တာဝန် ရှိသူများ၊ ရပ်ကွက်နေပြည်သူများနှင့် စေတနာရှင်/ အလှူရှင်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပြီး တက်ရောက်လာကြသူများက တြိရတန ပရိယတ္တိစာသင်တိုက် ဆရာတော်ဘုရားထံမှ ငါးပါးသီလ ခံယူစောင့်တည်ကာ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ ရွတ်ဖတ်ပူဇော်သည့် ပရိတ်တရားတော်ကို နာယူခဲ့ကြသည်။ ဆက်လက်၍ အလှူရှင်များ၏ကိုယ်စား “ ဧ ” ဓမ္မာရုံ ဥက္ကဋ္ဌနှင့်အမှုဆောင်များမှ ပင့်သံဃာတော် အရှင်သူမြတ်များအား ကထိန်လျာသင်္ကန်းများနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး တြိရတန ပရိယတ္တိ စာသင်တိုက် ဆရာတော်ဘုရားထံမှ ကထိန်အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။ ထို့နောက် ကြွရောက်လာကြသည့် ဘုရားအမှူးပြုသော  ပင့်သံဃာတော် အရှင်သူမြတ်များ၊ ဓမ္မာရုံမှ တာဝန်ရှိသူများ၊ ရပ်ကွက်နေပြည်သူများနှင့် စေတနာရှင်/ အလှူရှင်များက ဗုဒ္ဓ သာသနံ စိရံ တိဌတု သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး အလှူရှင်များ၏ကိုယ်စား “ ဧ ” ဓမ္မာရုံ ဥက္ကဋ္ဌနှင့် အမှုဆောင်များမှ ပင့်သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

အခမ်းအနားသို့ တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ “ ဧ ” ဓမ္မာရုံ ဥက္ကဋ္ဌနှင့်အမှုဆောင်များ၊ ရပ်ကွက်နေပြည်သူများနှင့် စေတနာရှင်/ အလှူရှင်များ တက်ရောက်ခဲ့ကြကြောင်း သတင်း ရရှိပါသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)